စကမတပ်က ပြည်သူကို သတ်ဖြတ်နေခြင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိအားပေးနေတာလို့ CDM ဗိုလ်ကြီးဇင်ယော် ဆို

အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၅)

အကြမ်းဖက် စစ်ကော်မရှင်တပ်က ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေခြင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိအားပေးနေတာ ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်သူကို အထိမခံလိုခြင်းကို အခွင့်ကောင်းယူကာ အခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်နေခြင်း ဖြစ်ပါတယ်။

ထိုသို့ ပြည်သူတွေကို ဆက်တိုက် သတ်ဖြတ်နေရင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက စစ်တပ်ရဲ့ တောင်းဆိုချက်ကို လိုက်လျောလာတာကို အခွင့်ကောင်းယူပြီး သတ်ဖြတ်နေတာ ဖြစ်တယ်လို့ ဗိုလ်ကြီးဇင်ယော်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

“တိုင်းရင်းသားတပ်တွေ တော်တော်များများက ကိုယ့်ပြည်သူကို အထိခိုက် မခံနိုင်ဘူး။ အထိခိုက် မခံနိုင်လို့လည်း လက်နက်ကိုင်ရခြင်း အကြောင်းတရားကို စစ်တပ်က ကောင်းကောင်း သိတယ်။ ပြည်သူကို များများသတ်ပြရင် နောက်ဆုံးကျရင် လိုက်လျောရတယ်ဆိုတာကို စစ်တပ်က ကောင်းကောင်း သိတယ်။ တိုင်းရင်းသားအဖွဲ့တွေရဲ့ အားနည်းချက်ကို သူတို့ ကောင်းကောင်း သိတယ်။ ဘာလို့ဆိုတော့ ပြည်သူကို ထိပြီဆိုရင် ရှေ့ဆက်လုပ်ဖို့ဟာက အများကြီး စဉ်းစားရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ထားတဲ့အတွက်လည်း အာရက္ခပြည်သူ့အပေါ် ပစ်မှတ်ထားကာ တိုက်ခိုက်လာနေတာကို တွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။

“ သူတို့ ကြီးကြီးမားမား လေကြောင်းကနေ ဗုံးကြဲတာက ဒီတခါ အာရက္ခမြေကို မျက်စိကျလာတယ်” လို့ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အခု နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ အာရက္ခပြည်သူတွေအပေါ် လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၂ ဦး သေဆုံးပြီးတော့ ၄၀ ထက် မနည်း ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

သေဆုံးသွားသူများမှာ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင် ကျောက်ဖြူမြို့နယ်တို့က ဖြစ်ကြပြီး၊ ဒဏ်ရာရရှိသူတွေထဲမှာ ပေါက်တောမြို့နယ်လည်း ပါဝင်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

1 Comment

p888game ဒီဇင်ဘာ 9, 2025 - 5:07 မနက်

Gotta say, P888game is pretty fun! Some cool and unique games. Check out. You will have a different feeling: p888game

Add Comment