ကျိန္တလီကို စကမ ဗုံးကြဲ၊ ၃ ဦး ဒဏ်ရာရ (Breaking News)

အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ကို စစ်ကော်မရှင်က ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်မှာ ဗုံး ၁ လုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ အမှတ် ၁ ရပ်ကွက်က ဦးငြိမ်းချမ်းကျော် အိမ်ကို ကျတယ်။ အနီးအနား ပြည်သူ ၃ ဦး ဒဏ်ရာ ရသွားတယ်” လို့ ကျိန္တလီမြို့ဒေသခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဟာ ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ အမှတ် ၁ ရပ်ကွက် ဗိုလ်ဗဒင်လမ်းရှိ ဦးငြိမ်းချမ်းကျော် အိမ်ကို ကျရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ထိခိုက် ဒဏ်ရာ ရရှိသူများကို ဆက်လက် တင်ဆက်ပေးပါမယ်။
Photo – APM

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)