ကျောက်ဖြူ နဲ့ စစ်တွေက နေရာအများစုကို စကမ လက်လွှတ်လိုက်ရကြောင်း ဝန်ခံ

အာရက္ခတိုင်းမ်စ် (၇ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူ နဲ့ စစ်တွေမြို့နယ်က နေရာအများစုကို စစ်ကော်မရှင်အနေနဲ့ လက်လွှတ်လိုက်ရလို့ ရပ်ကွက် ၆ ခု အပါအဝင် ကျေးရွာအုပ်စု ၆၅ စုမှာ ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

‌ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့ ရပ်ကွက် ၆ ခု စာရင်းမှာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ ကံပြင်ရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ တောင်ငူစုရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက်၊ ထိန်ဒွေရပ်ကွက် နဲ့ စစ်တွေမြို့နယ်၊ စစ်တွေမြို့ရှိ ကစ္ဆပရပ်ကွက်တို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့ ကျေးရွာအုပ်စု ၆၅ စု စာရင်းမှာတော့ ကျောက်ဖြူမြို့နယ်ရှိ သဲတန်း၊ သဲချောင်း၊ ကမ်းဒီး၊ ချောင်းဝ၊ မင်းပြင်၊ လိပ်ခမော်ကျေးရွာအုပ်စု၊ ကျောက်ပြောက်၊ ကပ်သပြေ၊ ကြပ်တိန်၊ သိုင်းချောင်း၊ ဒိုးမတောင်၊ စိုင်ခြုံ၊ ဦးဂင်း၊ ငစိမ့်ပြင်၊ ဆင်ဘုတ်၊ ငလုံးစု၊ ဇင်ချောင်း၊ သံချောင်း၊ ကလန့်တဲ၊ တဘက်၊ မင်းရပ်၊ ကင်းမြောက်၊ ကိုင်းချောင်း၊ လေးပုံကျောက်၊ အလယ်ဒွိန်၊ စနဲမင်းပြင်၊ ကျောက်တောင်ပြိန်၊ ကုလားကြမ်း၊ မျှောချောင်း၊ ရေမျက်၊ ဘယာ၊ အဝတောင်၊ ဝပြေ၊ မင်းချောင်း၊ အလံချိန်၊ ရတန၊ ဂန့်ဝါ၊ ပန်းတောပြင်၊ ခြုံဆွယ်၊ ကျောက်ငူ၊ ဂြင်ကြီး၊ မင်းဂံ၊ လဟာကြီး၊ ရွှေညိုမ၊ ဝါးတောင်၊ တဲချောင်း၊ ကျောက်ကြီးပြင် နဲ့ ဇင်ကျွန်း အစရှိတဲ့ ကျေးရွာအုပ်စုများတို့ ပါဝင်ပြီး စစ်တွေမြို့နယ်ရှိ သင်းပုန်းတန်း၊ ချောင်းနွယ်၊ ကျက်တောပြင်၊ ဂန့်ဂေါ်ကျွန်း၊ ကျေးတောကျေးရွာအုပ်စု၊ ခတင်ပိုက်၊ ကြွီတဲ၊ သိန်းတန်၊ ကျားမသောက်၊ ညိုရောင်ချောင်း၊ ချီလိုင်ဖင်း၊ အမြင့်ကျွန်း၊ ပါဒလိပ်၊ မြစ်နား၊ င/တောက်တက်၊ တောကံ နဲ့ ဝါဘို အစရှိတဲ့ ကျေးရွာအုပ်စုများလည်း ပါဝင်ကြောင်း UEC က ထုတ်ပြန်ထားပါတယ်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို ယခုလ ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အပိုင်း (၂) ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်မယ့် မြို့နယ်စာရင်းတွင်မူ ရက္ခိုင်ပြည်အတွင်းရှိ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေ ပါဝင်ပြီး ရွေးကောက်ပွဲ အပိုင်း (၂) မှာတော့ ရက္ခိုင်ပြည် ပါဝင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန် ကြေညာထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

2 Comment

5ggg ဒီဇင်ဘာ 9, 2025 - 4:58 မနက်

I’ve quickly visited 5ggg! I’m not sure still if I like it or not. I’ll check it soon later! Here : 5ggg.

cassinoonline777 ဒီဇင်ဘာ 25, 2025 - 11:56 မနက်

cassinoonline777 is my new fave spot. The games load quick, which is a big plus. Plus, they’ve got a decent variety. Might just stick around for a while. Get in on the action cassinoonline777.

Add Comment