မြောက်ဦးဖြစ်စဉ်ဟာ စစ်တပ်ကို အမြစ်ဖြတ်မှရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေတယ်လို့ BPLA ကွပ်ကဲရေးမှူး ဆို

အာရက္ခတိုင်းမ်စ် (၁၄ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးဖြစ်စဉ်ဟာ စစ်တပ်ကို အမြစ်ဖြတ်မှပဲရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုမိုခိုင်မာ တည်ကြည်စေတယ်လို့ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“ လက်ရှိမြောက်ဦးဖြစ်စဉ်အပါအဝင် ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေအားလုံးက ဒီစစ်တပ်ကို အမြစ်ဖြတ်မှပဲရမယ်ဆိုတဲ့ယုံကြည်ချက်ကို ပိုမိုခိုင်မာတည်ကြည်စေတယ်။ ကျနော်တို့ ရိုကျိုးစွာ၊ နှိမ့်ချစွာ၊ ညီညွတ်စွာနဲ့ ရှိသမျှ ခွန်အားအပြည့်ကို အသုံးပြုပြီး ဒီဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ရပါမယ်။ ကိုယ်ရေးကိုယ်တာတွေ ဘေးဖယ်ပြီး တော်လှန်ရေးကိုပဲ သေချာအာရုံစိုက်ကြရမယ်။ မဖြစ်နိုင်တာတွေကြားထဲ နံရံကို ခေါင်းနဲ့ဆောင့်ရဲမယ့်သူတွေလည်း မကြာခင် စနစ်တကျပေါ်ထွက်လာလိမ့်ဦးမယ်” လို့ မောင်ဆောင်းက ဆိုပါတယ်။

အလားတူ မောင်ဆောင်းခက “ မလိုက်ရဲရင် အသိုက်ထဲနေခဲ့ပါ။ လိုက်ရဲသူအတွက် တိုက်ပွဲရှိပြီး တိုက်ပွဲရှိမှ အောင်ပွဲရှိပါလိမ့်မယ် ရဲဘော်တို့ရေ…” လို့လည်း ဆက်လက် ရေးသားထားပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကို အာရက္ခတပ်တော်က စစ်ရေးအတွေ့အကြုံများ ပို့ချနေပြီး မဟာမိတ်အနေနဲ့ လက်တွဲ တိုက်ပွဲဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

2 Comment

cachvao188bet ဒီဇင်ဘာ 25, 2025 - 11:44 မနက်

Finding a solid way to get into 188bet can be a hassle, but cachvao188bet makes it super easy. Finally, a consistent workaround! Here’s the link: cachvao188bet.

faamru ဇန်နဝါရီ 6, 2026 - 3:50 မနက်

Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу

Add Comment