ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း စကမ အသိပေး

အာရက္ခတိုင်းမ်စ်(၁၆ ဒီဇင်ဘာ ၂၀၂၅)

ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိတယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ စစ်ကော်မရှင် က အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က အသက် ၈၀ အရွယ် မိခင်ဖြစ်သူမှာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း နှလုံးရောဂါ၊ အရိုးနဲ့ သွားဖုံးကျန်းမာရေး ပြဿနာများကို ခံစားနေရတယ်လို့ တဆင့်စကားအရ ကြားသိရကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း မိသားစုများအပြင် ရှေ့နေအဖွဲပ့ါ တွေ့ခွင့်မရတာကြောင့် မိခင်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပြီးနောက် စစ်ကော်မရှင်က အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု ပြုလုပ်ခဲ့မှု အပါအဝင် အမှုပေါင်းများစွာနဲ့ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူ ကင်မ်အဲရစ်က ထောင်ထဲတွင် ကွယ်လွန်ပြီ ဖြစ်နိုင်တယ်လို့ ယခုရက်ပိုင်းတွင် အချိန်ကိုက် ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများနဲ့ ပုံကြီးချဲ့ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိတယ်” လို့ စစ်ကော််မရှင်က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အဆိုပါ သတင်းဟာ သတင်းအမှားသာဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို နှောင့်ယှက်လိုတဲ့အတွက် အချိန်ကိုက် လုပ်ကြံ ဖြန့်ဝေနေတာ ဖြစ်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး ကောင်းမွန်ကြောင်း ထုတ်ပြန်စာကိုသာ ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်ထိ မိသားစု၊ ရှေ့နေအဖွဲ့များနဲ့ တွေ့ခွင့်မပေးတာအပြင် ကျန်းမာလျက်ရှိကြောင်း သက်သေ ပြနိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ပြည်သူလူထုအကြား ဝေဖန်မှုများလည်း မြင့်တက်လျက် ရှိပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

3 Comment

88vinbet1 ဒီဇင်ဘာ 25, 2025 - 11:42 မနက်

Alright guys, I’m on the hunt for a new sportsbook and 88vinbet1 keeps popping up. Anyone got firsthand experience? Good odds? Quick payouts? Let me know. Check out the site here 88vinbet1.

vytyazhnye zaklepki 64 ဖေ‌ဖော်ဝါရီ 2, 2026 - 8:15 မနက်
WilliamTRURB ဖေ‌ဖော်ဝါရီ 4, 2026 - 5:23 ညနေ

дизайн панельного дома дизайн интерьеров домов коттеджей

Add Comment