လင်းသာကျေးရွာ ဗုံးကြဲမှုတွင် ၃နှစ်အရွယ်ကလေးငယ်ကို ၁၂ နာရီအကြာမှာ ကယ်ထုတ်နိုင်ခဲ့

အာရက္ခတိုင်းမ်စ် (၃၁ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက် ဗုံးကြဲမှုတွင် ရှင်ကျန်ခဲ့တဲ့ ၃နှစ်အရွယ်ကလေးငယ်ကို ၁၂ နာရီအကြာမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့ကထုတ်ပြန်ထားပါတယ်။

အဆိုပါ ငပလီမြို့ရှိ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးကို ဒီဇင်ဘာ ၂၉ ရက်၊ ည ၈ နာရီမှာ စစ်ကော်မရှင်က လေကြောင်းက‌ နှစ်ကြိမ်တိုင်တိုင် ပေါင် (၅၀၀) ဗုံး လေးလုံးကို ကြဲချခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲခံရတဲ့ အဆောက်အဦကြားမှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ ကလေးငယ်ကတော့အသက် ၃နစ်အရွယ်ရှိ အေးသန္တာခိုင်ဖြစ်ပြီး ကံကောင်းတဲ့ ကလေးဖြစ်တာကြောင့် မေကံကောင်းလို အများက အသိမှတ်ပြု ခေါ်ဝေါ်နေကြတာပဲ ဖြစ်ပါတယ်။

“ ဗုံးကြဲခံရတဲ့ အဆောက်အဦးအောက်ထဲမှာ ၁၂ နာရီအထိ ပိတ်မိနေခဲ့ပါတယ်။ နံနက် ၈ နာရီ ၁၂ မိနစ်အချိန်မှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ထုတ်နိုင်ခဲ့ပါတယ်” လို့ အဆိုပါ အဖွဲရဲ့တာဝန်ရှိသူတဦးက ဆိုပါတယ်။

ကလေးငယ်ရဲ့မိခင်ဖြစ်သူဟာ ဗုံးကြဲမှုဖြစ်စဉ်မှာ သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ‌ကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၄ နှစ် မှ အသက် ၃၆ နှစ်အရွယ်ရှိ ကျား ငါးဦး နဲ့ မ လေးဦး သေဆုံးခဲ့ပါတယ်။ ‌သေဆုံးသူတွေအနက် မိသားစု ငါးဦးစလုံး သေဆုံးခဲ့ကြရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Related posts

ရန်ကုန်က ဘဏ်တွေမှာ ငွေအဝင်မရှိလို့ ငွေထုတ်တာ တင်းကြပ်လာ

စစ်တွေလေယာဉ်လက်မှတ် ၁၀ သိန်းအထိ ရောက်နိုင်

ဆမီးက စစ်ရှောင်တွေကို HDCO က ဆန်နဲ့ စောင် ထောက်ပံ့

1 Comment

auto 758 ဖေ‌ဖော်ဝါရီ 24, 2026 - 8:29 ညနေ

A convenient car catalog https://www.auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.

Add Comment