အာရက္ခတိုင်းမ်စ် (၃ ဇန်နဝါရီ ၂၀၂၆)
မကွေးတိုင်း၊ ယောဒေသမှာ ယောတပ်တော်တည်ထောင်ခဲ့တဲ့ ၂နှစ်တာကာလအတွင်း (ULA/AA) က အနီးကပ် ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ယောတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
ယောတပ်တော်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့မှာ ထူထောင်ခဲ့တာဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့မှာ ၂နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
အဆိုပါ ၂ နှစ်အတွင်း အာရက္ခပြည်၊ ချင်းပြည် နဲ့ ယောဒေသတွင်း မြို့သိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီးငယ်ပေါင်းများစွာ ဆင်နွှခဲ့ရပြီး ယောတပ်တော်မှ ရဲဘော် ၂၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသလို ၃၃ ဦးဟာလည်း ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ယင်းကာလများအတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အနီးကပ်ကွပ်ကဲပြီး ထောက်ပံ့ကူညီ အကြံဉာဏ်များ ပေးခဲ့တယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်အပြင် စစ်ရေးနိုင်ငံရေး အကြံဉာဏ်များ၊ အခြားအကူအညီများနဲ့ စိတ်ခွန်အားပေးခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ ယောတပ်တော် စတင်ထူထောင်စဉ်က ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းများ ကြုံတွေ့ရချိန် ကူညီဖြေရှင်းပေးခဲ့တဲ့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် – ပကဖ) နဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF) တို့ အပါအဝင် အတူ ရပ်တည် တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ယောတပ်တော်အနေနဲ့ ယောကံကြမ္မာ ယောဖန်တီးခွင့် ရရှိရေးနဲ့ စစ်ကော်စီ အမြစ်ဖြတ်တိုက်ဖျက်ရေးအတွက် မမှိတ်မသုန် ချီတက်တိုက်ပွဲဝင် သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
3 Comment
заклепка вытяжная 4 16 заклепки вытяжные
Есть способ как попасть на кракен без тора через официальные клир зеркала
дизайн коттеджа гостиная проекты дизайна интерьера коттеджа