ရက္ခိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး AA လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အာရက္ခပြည်သူ့ မီးသတ်ဌာနမှ လိုက်လံစစ်ဆီး လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

အာရက္ခတပ်‌တော် အနေနဲ့ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြိုနယ်တွေမှာ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ မီးသတ်ဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များနဲ့ လိုက်နာဆောင်ရွက်ထားရမယ့် ကိစ္စရပ်များတွေကို ပြည်သူလူထုသိရှိနိုင်ရန် အသိပညာပေးများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မီးသတ်ဌာနအနေနဲ့ အိမ်တိုင်းတွင် မီးချိတ်၊ သဲအိတ် နဲ့ ရေဘူးများ အဆင်သင့် ထားရှိမှု ရှိ/မရှိ စတာတွေကိုလည်း လိုက်လံ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်တွင် ပေါ့ဆမီးကြောင့် နေရာ ၄ နေရာထပ်မနည်း မီးလောင်ခဲ့ပြီး နေအိမ် နဲ့ ဈေးဆိုင် ၄၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

“ အခုလို ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်ပေးနေတာကို ကြိုလည်း ကြိုဆိုတယ်။ ပူးပေါင်းဖို့လည်း အဆင်သင့်ပါတယ်။ ပြီးခဲ့တဲ့လကပဲ ကျောက်တော်နဲ့ ဘူးသီးတောင်မှာ မီးလောင်လို့ ဈေးဆိုင်ခန်းတွေ တော်တော်များများ ဆုံးရှုံးခဲ့ကြတယ်။ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲ” လို့ ကျောက်တော်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ဂွမြို့နယ် ရဟိုင်ကုတို့ရွာ ချမ်းသာကြီးရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားလို့ နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။ ၁၆ ရက်တွင်လည်း ပေါက်တောမြို့ အမှတ် ၁ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားလို့ နေအိမ် ၁ လုံး ဆုံးရှုံးခဲ့ရပါတယ်။

အလားတူ ဒီဇင်ဘာလ ၁၉ ရက် နဲ့ ၂၀ ရက်တွင် ဘူးသီးတောင်မြို့မဈေးနဲ့ ကျောက်တော်မြို့ ကမ်းနားလမ်း ဈေးဆိုင်တန်း မီးလောင်ခဲ့လို့ ဆိုင်ခန်း ၃၅ ခန်းခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ