မွတ်ဆလင်များကို ဝန်ကြီးချုပ်ဦးထိန်လင်း အသုံးချ

အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းဟာ စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်ဆလင်တွေကို အသုံးချနိုင်ရန် ဇန်နဝါရီလ ၁၅ ရက်က မှန်စီကျေးရွာက မွတ်ဆလင်ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၂ ရက်ကစတင်ပြီး ဂမ်ဘီယာနိုင်ငံ ICJ တရားရုံးတွင် ၂၀၁၇ ခုနှစ်က ရက္ခိုင်ပြည်တွင် မွတ်ဆလင်လူမျိုးများကို မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုချိန်မှာ သွားရောက်တွေ့ဆုံ အသုံးချနေတာလည်း ဖြစ်ပါတယ်။

“ တဖက်က မွတ်ဆလင်တွေကို ဖမ်းတယ်။ စစ်မှုထမ်းခိုင်းတယ်၊ တဖက်မှာကျ သူတို့တွေနဲ့ (မွတ်ဆလင်) နဲ့ ချစ်ခင်ရင်းနှီးတာကို ပြဖို့အတွက် ဟန်ပြ စားစရာတွေပေးပြီး သွားတွေတယ်။ အဲဒါကို ဓာတ်ပုံတွေရိုက်ပြီး မွတ်ဆလင်တွေနဲ့ စစ်ခေါင်းဆောင်တွေနဲ့ တည့်တယ်၊ သင့်မြတ်တယ် အဲလို လုပ်ပြနေတာ” လို့ စစ်တွေမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြည်နယ်ဝန်ကြိးချုပ် ဦးထိန်လင်းဟာ သူ့ခရီးစဉ်တွင် ကျန်းမာရေးဝန်ထမ်းများကို ခေါ်ယူသွားကာ ကျန်းမာရေးစောင့်ရှောင့်မှု ပေးခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

“ ပြောတာတော့ ဆေးကုသတာကြည့်သလိုနဲ့ ဓာတ်ပုံရိုက်၊ ဝန်ကြီးလည်း ပြန်ရော ဆေးဝန်ထမ်းတွေလည်း ချက်ချင်း ဆေးဝါးတွေ သိမ်းပြီး ပြန်လာကြတယ်ပြောတယ်။ ဆေးရုံမှာ သူတို့အချင်းချင်း အဲလိုပြောနေတာ ကြားခဲ့တယ်” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းဟာ မှန်စီကျေးရွာကအပြန်တွင် ဆေးသမားကြီး IDP စခန်းကို ဝင်ရောက်ပြီး စခန်းဆောက်လုပ်နေတာတွေကိုလည်း ကြည့်ရှုသွားတယ်လို့ သိရပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး

2 Comment

auto 490 ဖေ‌ဖော်ဝါရီ 24, 2026 - 8:28 ညနေ

A convenient car catalog https://auto.ae/catalog/ brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.

maxispin_a_juPl မတ် 6, 2026 - 9:57 မနက်

Discover the thrill of real-money live casino action at play live casino on mobile, where you can enjoy live dealers, top software providers, and exclusive promotions.
Helpful guides and clear menus minimize friction when users search for content.

Add Comment