ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်တဲ့ခင်ပွန်းဖြစ်သူကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

အာရက္ခတိုင်းမ်စ် (၂၅ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို ဇန်နဝါရီလ ၂၄ ရက် မနက်ပိုင်းမှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုစိုးမြင့်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၉နာရီ ၅၅ မိနစ် မှာ ထိုင်းနိုင်ငံ၊ ဖလန်းဆောင်မြို့ရှိ မြန်မာအလုပ်သမားများ နေထိုင်ရာ တန်းလျားမှာ အသက် ၂၈ နှစ်အရွယ်ရှိ မကျော့ကျော့ဝေကို ခင်ပွန်းဖြစ်သူ ဦးကျော်မင်းနိုင်က စကူတာအချွန်နဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ မကျော့ကျော့ဝေဟာ ရင်အုံအလည်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်တွင် ထိုးသွင်း ဒဏ်ရာ ၂ ချက် နဲ့ မိန်းမကိုယ်‌နေရာတွင် ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိခဲ့တာကြောင့် နေရာတွင် သေဆုံးခဲ့တာ ဖြစ်ပါတယ်လို့ ကိုစိုးမြင့်က ဆိုပါတယ်။

လူသတ်မှုကျူးလွန်ခဲ့သူကိုတော့ ဇန်နဝါရီ ၂၂ ရက်၊ ည ၉နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ပန်ပူလီ ကြက်မွေးမြူရေးနားက တောထဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်၊ နံနက် ၈နာရီမှာ ဘန်ကောက်မြို့ရှိ တရားရုံးတခုမှာ ရုံးထုတ်စစ်ဆေးပြီး အမိန့်ချခဲ့တာလို့ သိရပါတယ်။

လိုက်ပါကူညီပေးနေတဲ့ ကိုစိုးမြင့်က “ ပြီးရင် ထောင်ပြောင်းမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဒီအမှုတွေကကျတော့ အနှစ် ၂၀ က အဆုံးမသတ်သေးဘူးလို့ ပြောတယ်။ သူ့ရဲ့ အပြစ်ဒဏ်တွေ နောက်ရှိသေးတယ်လို့တော့ ပြောတာပဲ။ သူတို့ ထပ်လို့ပေါင်းဦးမှာလားတော့ ကျနော်လည်း သိပ်မပြောတတ်သေးဘူးလေနော်။ ကျနော်သိသလောက်ကတော့ လောလောဆယ် အမှုရေးတဲ့လူက အနှစ် ၂၀လို့ပြောတယ်။ အဲ့လောက်ပဲ ပြောတယ်နော်။ ထပ်လို့ ၁၂ ရက်နေ့ကျလို့ရှိရင် သူ့ရဲ့အမှုတွေကို ပေါင်းဦးမယ်တဲ့။ ပေါင်းလို့ရှိရင် ထပ်တော့ ဘယ်လောက်လာဦးမယ်ဆိုတာ ကျနော်လည်း သိပ်မပြောတတ်သေးဘူးနော်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သေဆုံးသူ မကျော့ကျော့ဝေဟာ မာန်အောင်မြို့၊ မျှော်တော်ဦးအုပ်စု၊ ပြားကြီးကျေးရွာဇာတိဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်များပါ ကိုစိုးမြင့်တို့နဲ့အတူ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါအမှုဟာ ကြိုတင်ကြံစည်ပြီး လုပ်တဲ့အမှုဖြစ်တာ‌ကြောင့် မိသားစုတွေအနေနဲ့ အမှန်တရားအတိုင်း ထိုက်တန်တဲ့အပြစ်ဒဏ်ကို ပေးစေချင်ကြတယ်လို့လည်း သူက ပြောပါတယ်။

မကျော့ကျော့ဝေရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၅ ရက်၊ ညနေ ၃နာရီတွင် ဘန်ကောက်မြို့၊ ဘန်ကဒီ (၂၅) လမ်း၊ စမဲဒမ်း၊ ဝပ်ဘန်ကဒီ ဘုန်းတော်ကြီးကျောင်းမှာ အသုဘတရားတော် နာယူပြီး သင်္ဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို စာဖတ်အားအကောင်းဆုံးနဲ့ အတက်ကြွဆုံး တော်လှန်ရေးခေါင်းဆောင်လို့ အိန္ဒိယ‌ သတင်းထောက် ဆို

AA နဲ့ စကမတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာကို စကမ ဗုံးကြဲ

ဘင်္ဂလားဒေ့ရှ်က AA ကိုအသိအမှတ်မပြုရင် ကောင်းမွန်တဲ့အခြေအနေ ဖန်တီးဖို့ခက်မယ်

9 Comment

downarchive.org ဧပြီ 14, 2026 - 7:19 မနက်

References:

Echtgeld Casino mit Startguthaben

References:
https://pad.stuve.uni-ulm.de/s/oByrLZvn8

https://blogfreely.net/ ဧပြီ 15, 2026 - 8:30 ညနေ
pad.stuve.de ဧပြီ 15, 2026 - 10:54 ညနေ

References:

Legal steroids 2014

References:
https://pad.geolab.space/s/NcfmxTdHz

undrtone.com ဧပြီ 16, 2026 - 12:04 မနက်

References:

How to buy trenbolone

References:
https://doc.adminforge.de/s/9eNbqKUIDZ

https://zenwriting.net/ ဧပြီ 16, 2026 - 5:02 မနက်

References:

Online Casino Deutschland Echtgeld

References:
https://pad.stuve.uni-ulm.de/s/mhf9YJZg7

tradelinx.co.uk မေ 7, 2026 - 12:58 မနက်

References:

Gamble online

References:
tradelinx.co.uk

gitlab.dev.jtyjy.com မေ 7, 2026 - 1:05 မနက်

References:

Syracuse casino

References:
http://gitlab.dev.jtyjy.com/asae6932674200

www.makemyjobs.in မေ 7, 2026 - 2:33 မနက်

References:

Casino online games

References:
http://www.makemyjobs.in

https://nepalijob.com/companies/best-payid-casino-no-deposit-bonus-australia-the-cold-hard-truth-behind-the-glitter မေ 7, 2026 - 7:22 မနက်
Add Comment