အများပြည်သူ အင်တာနက်သုံးစွဲတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးရှုံ့ချ

အာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အများပြည်သူ အင်တာနက်သုံးစွဲတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ရှုံ့ချ ပြောဆိုခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ရပ်ရွာ အနီးရှိ အများပြည်သူ အင်တာနက်သုံးစွဲတဲ့ နေရာကို ဒီက‌နေ့ ဇန်နဝါရီလ ၂၇ ရက်၊ နံနက် ၁ နာရီ ၂၀ မိနစ် ကျော်တွင် စစ်ကော်မရှင်ရဲ့လေတပ်က ဂျက်ဖိုက်တာ အသုံးပြုပြီး ပေါင် ၅၀၀ ဗုံးတလုံးနဲ့ ပေါင် ၃၀၀ ဗုံး နှစ်လုံး စုစုပေါင်း ဗုံး သုံးလုံး ကြဲချခဲ့တာလည်း ဖြစ်ပါတယ်။

“ နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ သား/သမီးများ ၊ ခင်ပွန်းများ ၊ မိဘများနဲ့ အဆက်အသွယ်ရစေရန် ၊ နိုင်ငံရပ်ခြားကနေ ငွေလွှဲ ငွေထုတ် ပြုလုပ်ရန် အာရက္ခပြည်သူများအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွင့်လှစ်ပေးထားတဲ့ ပြည်သူ့ဝန်ဆောင်မှုနေရာကို ဦးတည်ထားတိုက်ခိုက်မှုဟာ အလွန်ရွံစရာကောင်းသော လုပ်ရပ်” လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဆိုပါတယ်။

အပြစ်မရှိတဲ့ ပြည်သူလူထုကို သတ်ဖြတ်ခြင်း ၊ ပြည်သူလူထုနဲ့ ဆက်စပ်တဲ့ နေရာတွေကို ဖျက်စီးခြင်းအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo – One Nation News

Related posts

ဘူးသီးတောင်ကနေ ရသေ့တောင်ကို ဘိလပ်မြေတင်လာတဲ့ ဘုတ်တစ်စီး တိမ်းမှောက် လူတစ်ဦးသေဆုံး

ရက္ခိုင်ပြည်တွင် ဒီနေ့ကနေ ၃၀ ရက်အတွင်း ရက်ရှည်မိုးရွာနိုင်

စနဲကို ရွေးတုအစိုးရ စစ်ကြောင်းထပ်ထိုး၊ AA တိုက်ခိုက်မှုကြောင့် အကျအဆုံးနဲ့ နောက်ပြန်ဆုတ်

6 Comment

rent yacht montenegro 36 မေ 5, 2026 - 4:23 မနက်
uakino 578 မေ 9, 2026 - 12:33 ညနေ

серіал жінка дивитись фільми

Jamesneeks မေ 10, 2026 - 8:45 မနက်

Interested in UFC? UFC White House Full Fight Card unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.

Darrinbof မေ 11, 2026 - 2:41 မနက်

Индивидуальные поездки с гидом Калининград индивидуальные экскурсии в Балтийск откроют лучшие места города в комфортном формате путешествия.

EdgarPlott ဇွန် 3, 2026 - 2:18 မနက်

Steam Desktop Authenticator https://steamdesktopauthenticator.net is a popular solution for Steam users who need access to Steam Guard features on their computer. It conveniently verifies actions, protects your account, and manages authentication in a single app.

Josephpax ဇွန် 4, 2026 - 5:07 ညနေ

Читать расширенную версию: https://gazobeton163.ru

Add Comment