ပေါက်တောနဲ့ ပုဏ္ဏားကျွန်းကို စကမ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၂၈ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီကနေ့ (ဇန်နဝါရီ ၂၈ ရက်) တွင် စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

“ ညနေ ၃ နာရခွဲလောက်မှာ ၏  ဂျက်ဖိုက်တာ (၃) စီးနဲ့ ပေါက်တောမြို့နယ်၊ သဲခုံရွာနဲ့ ဂြင်းချောင်းရွာကို ဗုံးသုံးလုံး ကြဲချခဲ့တယ်” လို့ ပေါက်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင် ကြဲချခဲ့တဲ့ ဗုံးတွေဟာ သဲခုံရွာနဲ့  ဂြင်းချောင်းရွာ(ပိုက်ဆိပ်) တို့တွင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အလားတူး ညနေ ၂ နာရီကျော်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ မီးလောင်ဗုံး တလုံး လာရောက် ပစ်ချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်ဗုံးကျရောက်​ပေါက်ကွဲမှုကြောင့် ကွမ်းတောင်ရွာက နေအိမ် (၂) လုံး မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး