AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်ထားတဲ့ ကိုးတောင်ဘို့စခန်းကို စကမ စစ်ကြောင်းထိုး၊ စစ်ကြောင်းလိုက် ချေမှုန်းခံရ

အာရက္ခတိုင်းမ်စ် (၁၁ ဖေဖော်ဝါရီ ၂၀၂၆)

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းနဲ့ ကန့်ဘလူမြို့နယ်အစပ်က ကိုးတောင်ဘို့စခန်းကို စစ်ကော်မရှင်မှ ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကြောင်းထိုးလာခဲ့ပြီး စစ်ကြောင်းလိုက် ချေမှုန်းခံလိုက်ရတယ်လို့ သိရပါတယ်။

“ ကောလင်းကနေ အင်အား ၂၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတာကို တော်လှန်ရေးတပ်တွေက ဖြတ်တိုက်ကြတာ။ သူတို့ (စစ်ကော်မရှင်) ဖမ်းထားတဲ့ သုံ့ပန်းတွေရော လက်နက်တွေရော ရလိုက်တယ်။ သူတို့တော့ (စစ်ကော်မရှင်) တပ်လိုက်ပြုတ်သွားတယ်”  လို့ စစ်ကိုင်းတိုင်းရောက် တော်လှန်ရေးတပ်သားတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၇ ရက်က တနေကုန် ဖြစ်ပွားခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးတောင်ဘို့စခန်းကို ၄ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၃၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ကိုးတောင်ဘို့စခန်းတွင် စစ်ကော်မရှင်နဲ့ ဝါသဝရဲ့ ပျူစောထီးတပ်သား အင်အား ၂၀၀ ဝန်းကျင် အထိုင်ချထားတာဖြစ်ပြီး အာရက္ခတပ်တော်၊ ကောလင်းခရိုင်တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ပကဖနဲ့ KB2 ကန့်ဘလူတပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကောလင်းမြို့နယ် အနောက်ပိုင်း ကျောက်ကာရွာအနီးတွင် စစ်ကော်မရှင်တပ်က တပ်ကြပ်ကြီးတဦးကို ​ဖေဖော်ဝါရီလ ၇ရက်မှာ တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးမိတယ်လို့ ကောလင်းတော်လှန်ရေး( Kawlin Revolution KR) က ထုတ်ပြန်ထားပါတယ်။

Related posts

“အမေရိကန်က ပုန်ကန်မှုနှိမ်နင်းရေးနဲ့ တည်ငြိမ်ရေးလုပ်ငန်းတွေကို အာရုံကျနေချိန်မှာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေဟာ အခြေခံအဆောက်အဦ၊ နည်းပညာနဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်”

ကပစ (၁၆) အနီး ကာကင်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

ရာသီဥတုဒဏ်ကြောင့် ဂွမြို့ရှိ တလသားအရွယ် စစ်ရှောင်ကလေးငယ်တဦးသေဆုံး