အစိုးရသစ်က ဒေါ်စုကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပြုမယ်လို့ မထင်

အာရက္ခတိုင်းမ်စ် (၃၁ မတ် ၂၀၂၆)

စစ်ကော်မရှင်အလိုကျ အစိုးရသစ်လက်ထက်မှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုမယ်လို့ မထင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အရင် သမ္မတဦးသိန်းစိန်လက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ပြီး NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ခိုင်းရာကနေ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေအထိ အနိုင်ရပါတီ ဖြစ်ခဲ့တာပါ။

ဒါကြောင့် အဲဒီလိုအဖြစ်မျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“နောက်တခုက သူ (မင်းအောင်လှိုင်) သမ္မတလုပ်လာလို့ရှိရင် ဦးသိန်းစိန်လက်ထက်ကလို နိုင်ငံရေးအရ တပြည်လုံး နိုင်ငံရေးက အပြောင်းအလဲ ဖြစ်သွားအောင် NLD ကို ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးပြီးတော့ ရွေးကောက်ပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုတာမျိုး အဲဒီလိုလည်း ကျနော်တော့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ က အဲဒီအတွေ့အကြုံ ခါးခါးသီးသီး ရှိခဲ့ဖူးတယ်။ သူက NLD ဘာပဲဖြစ်ဖြစ် လွတ်လပ်ပြီး တရားမျှတတဲ့ All inclusive ဖြစ်တဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲသာ ပေးလုပ်လိုက်ရင် NLD ပဲ ပြန်နိုင်သွားမယ်ဆိုတာ သူတို့ သဘောပေါက်လောက်ပြီ။ အရင်တုန်းကတော့ သူတို့ သိပ် သဘောမပေါက်ဘူးပေါ့။ သူတို့ နိုင်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် ရှိတာပေါ့။ အခု အနေအထားကတော့ သူတို့ ဘယ်လောက်ပဲလုပ်လုပ် NLD ကို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ခွင့် ပေးလိုက်လို့ရှိရင်တော့ သူတို့ ရှုံးမှာ။ ဒါကို သူတို့ သဘောပေါက်တယ်။ ပေါက်တော့ ဦးသိန်းစိန် လက်ထက်ကလို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာတို့ ဖြစ်လာလိမ့်မယ် မထင်ဘူး” လို့ သူက ပြောပါတယ်။

လက်ရှိမှာ‌တော့ မတ်လ ၃၀ ရက်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ်က ဒုတိယသမ္မတတွေကို အမည်စာရင်း အသီးသီး တင်သွင်းခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်အစုအဖွဲ့မှာ ကြံ့ခိုင်ရေးပါတီကနေ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် အမည်စာရင်း တင်သွင်းခဲ့သလို တစညပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) ရဲ့ တောင်တွင်းကြီးမဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေလည်း ဒုတိယသမ္မတလောင်း အမည်စာရင်းနဲ့ ပါဝင်လာပါတယ်။

အမျိုးသားလွှတ်တော် အစုအဖွဲ့ အစည်းအဝေးကလည်း ကြံ့ခိုင်ရေးပါတီက ဒုတိယသမ္မတလောင်းအဖြစ် ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နန်းနီနီအေးကို တင်သွင်းခဲ့ပြီး တိုင်းရင်းသားပါတီ အစုအဖွဲ့က ဒေါက်တာမနမ်တူးဂျာကို တင်သွင်းထားပါတယ်။

ဒါ့အပြင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ မတ်လ ၃၀ ရက်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးကနေ အနားယူလိုက်ပြီး မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခံထားရတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ခေါင်းဆောင် အပြောင်းအလဲ ဖြစ်သော်လည်း လက်ရှိ အနေအထားအရ တပ်တွင်းမှာတော့ တခြား အပြောင်းအလဲတွေ ရှိမယ်လို့ မထင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

 “လောလောဆယ်တော့ အဲဒါက အပြောင်းအလဲ ရှိမယ်လို့ မထင်ဘူးပေါ့။ မထင်ဘူးဆိုတာက ကာကွယ်ရေးဦးစီးချုပ်ကလည်း သူ (မင်းအောင်လှိုင်) သမ္မတလုပ်မယ်ဆိုရင် တပ်ကို စိတ်ချယုံကြည်တဲ့ သူ့ဩဇာ ခံမယ့်လူကို ရွေးပြီးတော့ ထည့်ထား ချန်ထားခဲ့မှာဆိုတော့ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လိမ့်မယ်လို့ မယုံဘူး” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးနဲ့ ရှိခဲ့တဲ့ အသက် ၅၀ ကျော်အရွယ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဒုတိယတပ်ချုပ် ဖြစ်လာပြီး လက်ရှိ အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ညှိနှိုင်းကွပ်ကဲရေးမှူးသစ် ဖြစ်လာပါတယ်။

Related posts

လယ်သမား ၁ ဦးလျင် မြေသြဇာ ၁၀ အိတ်ထိ ဂိုထောင်ဈေးနဲ့ AA ရောင်းချပေးနေ

မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုအရ စစ်ရေးပိုပြင်းထန်လာနိုင်

ရသေ့တောင်နဲ့ ဘူးသီးတောင်လမ်း ဘေးယာတွင် ကျွန်းပင် ထောင်ချီစိုက်

8 Comment

play.acbizglobal.com ဇွန် 26, 2026 - 12:49 မနက်

References:

Meadows racetrack and casino play.acbizglobal.com

https://a-taxi.com.ua/ ဇွန် 26, 2026 - 12:18 ညနေ

References:

Legiano Casino VIP Programm https://a-taxi.com.ua/

g98710av.beget.tech ဇွန် 27, 2026 - 6:35 မနက်

References:

Legiano Casino Verifizierung g98710av.beget.tech

https://iamzoyah.com ဇွန် 27, 2026 - 4:03 ညနေ

References:

Legiano Casino VIP Programm https://iamzoyah.com

mp3diary.com ဇွန် 27, 2026 - 10:18 ညနေ

References:

Legiano Casino Bonusbedingungen mp3diary.com

https://slowdating.ca/ ဇွန် 27, 2026 - 11:26 ညနေ

References:

Legiano Casino Auszahlung Dauer https://slowdating.ca/

https://www.orkhonschool.edu.mn/profile/drejerzwyyates53484/profile ဇွန် 28, 2026 - 3:24 ညနေ
https://mardplay.com/ ဇွန် 29, 2026 - 6:16 မနက်

References:

Legiano Casino VIP Programm https://mardplay.com/

Add Comment