ရက္ခိုင်ပြည်အတွင်းရှိ ဆေးခန်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန စစ်ဆေးနေ

အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကွင်းဆင်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြည်သူများအနေနဲ့ ဆေးဝါးနဲ့ပတ်သတ်ပြီး မလိုလားအပ်တဲ့ ဘေးအန္တရာယ်များ မဖြစ်လာစေရန်အတွက် ဒီလပ် (DLEPS) ဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာန နဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

ဆေးကုသခွင့် ရရှိရေးအတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် တရားဝင်လိုင်စင် လျှောက်ထားရမည်ဖြစ်ပြီး ဆေးကုသခွင့် လိုင်စင်မရှိဘဲ ‌ဆေးကုသနေတဲ့ ဆေးဆရာများ၊ ဆေးခန်းများ တွေ့ရှိပါက ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ ပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးရာတွင် ရက်လွန်ဆေးများ၊ တရားမဝင် တင်သွင်းထားတဲ့ ဆေးဝါးများကို အသုံးပြုရောင်းချနေတဲ့ ဆေးခန်းများကို တွေ့ရှိခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အာရက္ခပြည့်သူ့ကျန်းရေးဌာနအနေနဲ့ ဇန်နဝါရီလစပြီး မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်များရှိ ဆေးခန်း၊ ဆေးဆိုင်များတွင် စပ်ဆေးရောင်းချနေမှုများ၊ တရားမဝင်ဆေးဝါး ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

Related posts

■ အီရန်ထဲက အမေရိကန်ကွန်မန်ဒို အော်ပရေးရှင်း

နတ်ရေကန်ထဲ ပိတ်မိနေတဲ့ စကမတွေ လုံးပါးပါးနေပြီလို့ ပြော

တောင်ကုတ်တွင် ရွှေထည်ခိုးယူသူတဦးကို ဒီလပ် ဖမ်းဆီး

3 Comment

e-bingo games philippines မတ် 8, 2026 - 4:47 မနက်

Been looking for some good e-bingo action in the Philippines. Heard about Ebingoplus, and the e-bingo games philippines are pretty legit. Gameplay is smooth, and easy to navigate if u play in the Philippines!

fairplayph မတ် 8, 2026 - 4:48 မနက်

Fairplayph lives up to its name. Always fair and square. Been recommending fairplayph to all my friends.

rs999 မတ် 8, 2026 - 4:48 မနက်

Yo, RS999 is legit! Been playing here for a while and the payouts are quick. Give rs999 a shot, you might just get lucky!

Add Comment