အာရက္ခတိုင်းမ်စ် (၂၀ ဖေဖော်ဝါရီ ၂၀၂၆)
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေ စစ်အုပ်စုထံ လက်နက်ချအလင်းသွားပြီးနောက် စစ်အာဏာရှင်ကိုတိုက်နေတဲ့ အဖွဲ့အချင်းချင်း ပဋိပက္ခ မဖြစ်ဖို့လိုတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
တော်လှန်ရေးတစ်ရပ်မှာ အခုလိုမျိုး အလင်းဝင်၊ လက်နက်ချတဲ့ ကိစ္စရပ်တွေဟာ ဖြစ်နေကြ၊ ရှိနေကြ အနေအထားမှာ ဗိုလ်နဂါးတစ်ယောက် အလင်းဝင်သွားတာဟာလည်း ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ သူက ပြောပါတယ်။
“တော်လှန်ရေးတစ်ရပ်မှာလေ ဒီလိုမျိုး အလင်းဝင်သွားတာ၊ လက်နက်ချတာတွေ ကျမတို့ တွေ့ပေါင်းများပြီ။ တော်လှန်ရေးကို မလုပ်နိုင်တော့တဲ့အဆုံး ဒီလိုပဲသွားကြတာပဲလေ။ ဒါတွေက သိပ်တော့ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ပြတ်သားတဲ့လူကဆက်လုပ်ပေါ့ တော်လှန်ရေးကို။ အမှန်ဆိုရင်တော့ ပဋိပက္ခတော့မဖြစ်တာကောင်းတာပေါ့ စစ်အာဏာရှင်စနစ်ကို တိုက်နေတဲ့ အဖွဲ့အစည်းအချင်းချင်းကြားမှာ။ အဲဒီတော့ အဲဒါကို အေးအေးချမ်းချမ်း ဆွေးနွေးဖို့၊ လုပ်ကြဖို့ ပိုပြီးတော့ တိုက်တွန်းသလိုဖြစ်တာပေါ့ တော်လှန်ရေးအဖွဲ့အစည်းကြားထဲမှာ။ သူသွားတာတော့ သူ့လမ်းနဲ့ သူသွားတာပေါ့။ သူ့သမိုင်းသူရေးသွားတာပေါ့။ သိပ်ပြဿနာမရှိပါဘူး။ ဒီလိုပါပဲ ကျမတို့ ဗမာကွန်မြူနစ် ပါတီမှာလည်း အဲဒီလိုတွေအများကြီးရှိခဲ့ဖူးတာပဲ။ သူတို့စစ်အုပ်စုနဲ့ပေါင်းသွားပြီးတော့ တော်လှန်ရေးကို စွန့်ခွာသွားကြတာ။ တချို့ဆိုလည်း တော်လှန်ရေးဆက်မလုပ်နိုင်လို့ပေါ့။ တချို့ကြတော့ စစ်အုပ်စုနဲ့ ပေါင်းပြီး တော်လှန်ရေးကို သစ္စာဖောက်ပြီး တော်လှန်ရေးသမားတွေအပေါ်မှာ ပြန်ပြီးတော့ ဒုက္ခပေးတာတွေလည်း ရှိတာပေါ့။ ကျမတို့နည်းနည်းစောင့်ကြည့်ဖို့လိုတာပေါ့။ ကျမတို့ကြည့်ရတာ အစိုးရကလည်း သတင်းစာရှင်းလင်းပွဲတွေဘာတွေလုပ်ပြီး ပြန်ပွဲထုတ်လာဦးမလားမသိဘူး။ ကြည့်သေးတာပေါ့” လို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေဟာ လက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်မှာ စစ်တပ်ကိုဆက်သွယ်ပြီးဝင်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
NUG ဘက်က တိုက်ခိုက်မှုတွေကို ကျော်လွှားဖို့ခက်မယ့်အကြောင်း၊ မြို့နယ် ၇ ခုက BNRA စခန်းတွေကို NUG က အင်အားထောင်နဲ့ချီသုံးကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း ဗိုလ်နဂါးက လက်နက်မချခင် ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောဆိုထားတာတွေ့ရပါတယ်။
နိုင်လင်း (ခ) ဗိုလ်နဂါးဟာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို အခြေစိုက်ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အဖွဲ့ ကို တည်ထောင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ပုလဲမြို့နယ်ထဲက ဦးနှောက်ရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ဗိုလ်နဂါးကိုရှာဖွေတဲ့ဖြစ်စဉ်ဖြစ်ခဲ့ဖူးတာပါ။
၂၀၂၂ ခုနှစ်အစောပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖွဲ့စည်းပေးခဲ့တဲ့ တပ်မဟာ (၆၁၁) မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် နဲ့အတူ ဗိုလ်နဂါးတပ်လည်း ပါဝင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာပဲMRDA ကို BNRA အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် တိုက်ပွဲဖော်ဆောင်မှု သတင်းတွေ ငြိမ်သက်သွားခဲ့ပါတယ်။
NUG လက်အောက်ခံပုလဲမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့နဲ့ ဗိုလ်နဂါးတပ်ကြားအငြင်းပွားမှုတွေက ၂၀၂၂ ခုနှစ် ဝန်းကျင်ကတည်းက အစပျိုးခဲ့ပြီး အပြန်အလှန်စွပ်စွဲမှုတွေ၊ မြေပြင်မှုအငြင်းပွားမှုတွေနဲ့ စခန်းစီးနင်းမှုတချို့ပါ ဖြစ်ခဲ့ပါတယ်။
အခု ဖေဖော်ဝါရီ ၁၉ ရက် ဗိုလ်နဂါးလက်နက်ချချိန် စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်မှုတွေမလုပ်လိုတော့တာ၊ နိုင်ငံတော်နဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်လာလို့ ဥပဒေဘောင်အတွင်းဝင်လာဆိုပြီးဖော်ပြခဲ့ပါတယ်။
1 Comment
Запои формируются по разным причинам, однако регулярное многодневное употребление спиртного часто свидетельствует о развитии алкоголизма. Человек уже не всегда способен контролировать дозу, остановиться в определенный момент или самостоятельно восстановить нормальный сон. У него меняется поведение, усиливается тяга к алкоголю, страдают отношения в семье и социальные связи. При попытке резко прекратить употребление возникает абстиненция. Ее проявления могут быть гораздо серьезнее обычного похмелья и требуют особого внимания.
Дополнительная информация – вывод из запоя электросталь