မောင်တောနယ်စပ်က ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ဆန်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်ဒေသတွင် နေထိုင်ကြတဲ့ မြိုလူမျိုးတွေဟာ လုံခြုံရေးကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့လာကြပြီး အဆိုပါ ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခရိုင်ပါတီကော်မတီကဦးဆောင်ပြီး ဆန်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင် ဘင်္ဂလားနယ်စပ် ဒုံးညိုရွာမှာ မြိုလူမျိုးတွေဟာ သစ်တုံးနားခွဆုံ၊ ခုန်တိုင်၊ ဘောင်း၊ လေးမြိုကေဒီ၊ သုပဏ္ဏက၊ နန်းရာကိုင်း စတဲ့ ကျေးရွာတွေမှာ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။

“ အစွန်းရောက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှာကို ကြောက်လို့ ပြောင်းလာကြတာ။ အားလုံးပေါင်း လူ ၇၀၀ လောက်ရှိတယ်”  လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ပါတီတာဝန်ရှိသူများ၊ DLEPS၊ HDCO  ၊ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ဆန်ရိက္ခာများ၊ ခြင်ထောင်များ ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပါ ပေးခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်း ဒုံးညိုရွာကနေ မြိုလူမျိုး အိမ်ထောင်စု ၇၀ခန့် (ကျား/မ ၆၇၅ယောက်) ပြောင်းရွှေ့လာကြပြီး သစ်တုံးနားခွဆုံရွာတွင် အိမ်ထောင်စု ၃၁ စု၊ ဘောင်းရွာတွင် အိမ်ထောင်စု ၆ စု၊ လေးမြို့ကေဒီတွင် အိမ်ထောင်စု ၁ စု၊ သုပဏ္ဏကရွာတွင် အိမ်ထောင်စု ၂၅ စု၊ ရွှေတိုင်ရွာတွင် အိမ်ထောင်စု ၁၁ စု အသီးသီး နေထိုင်နေကြတယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်ဖြူတွင် ချင်းလူငယ်တွေနဲ့ ခရိုင်ပါတီကော်မတီတို့ တွေ့ဆုံ

ကျောက်ဖြူ သိုင်းချောင်းဆည်အနီးတွက် စကမ စစ်ကြောင်းတပ်ပျက်၊ သေဆုံးသူများပြား

ပလက်ဝက မီးလောင်သွားတဲ့ အိမ်ထောင်စုတွေကို HDCO အရေးပေါ် ပစ္စည်း ထောက်ပံ့