ပလက်ဝက မီးလောင်သွားတဲ့ အိမ်ထောင်စုတွေကို HDCO အရေးပေါ် ပစ္စည်း ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၂၆ ဖေဖော်ဝါရီ ၂၀၂၆)

ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ် တွီကင်းဝကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အဆိုပါ မိသားစုတွေကို HDCO က အရေးပေါ်ပစ္စည်းများ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အနေနဲ့ မီးလောင်ပျက်စီးသွားတဲ့ မိသားစုဝင်တွေကို အရေးပေါ်ပစ္စည်း (၁၆) မျိုး ထောက်ပံ့ကူညီခဲ့တာလည်း ဖြစ်ပါတယ်။

HDCO က ထောက်ပံ့ကူညီခဲ့တဲ့ အရေးပေါ်ပစ္စည်း (၁၆) မျိုးကတော့ မီးဖိုချောင်သုံး ပစ္ည်းများ၊ သွပ်အိုး၊ ဆပ်ပြာခွက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ကိုယ်တိုက်ဆပ်ပြာ၊ ရွှေဝါဆပ်ပြာ၊ ဓာတ်ဘူး၊ ခေါင်းဘီး၊ မှန်၊ ခြင်ထောင်၊ ပန်းကန်ပြား၊ အရေးပေါ်သုံးဆေးဝါးများ၊ အိမ်ဆောက်ပစ္စည်း၊ ဓား နဲ့ တာပေါ်လင် စတာတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းတွင် တွီကင်းဝရွာနေ အသက် (၇၉) နှစ်အရွယ် ဦးကျော်သာဦး ရေနွေးတည်ရာကနေ ဝါးထရံကို မီးကူးစက်ပြီး လူနေအိမ် ၁၀ လုံး လောင်းကျွမ်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ မီးလောင်မှုကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ မီးသတ်ဌာနနဲ့ ရွာသူ ရွာသားများ ဝိုင်းဝန်းကူညီ ငြိမ်းသတ်မှုကြောင့် ညနေ ၅ နာရီခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစလောင်ခဲ့တဲ့ အိမ်ရှင်ဖြစ်သူ ဦးကျော်သာဦးကို တရားဥပဒေစိုးမိုးရီးနဲ့ ပြည်သူ့လုံခြုံရီးဌာန (DLEPS) က ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Related posts

AA ပစ်လိုက်တဲ့ လက်နက်ကြီးကျည် စစ်တွေက စစ်တပ်သင်တန်းကျောင်းကို ကျရောက်ပေါက်ကွဲ

မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ အရေးပါတဲ့ တရုတ်ရဲ့ကဏ္ဍ

စစ်တွေမြို့ထဲကို လက်နက်ကြီး ၅ ခုခန့် ကျရောက်ပေါက်ကွဲ

1 Comment

BrianBoill စက်တင်ဘာ 3, 2026 - 4:20 မနက်

При судорогах, галлюцинациях, потере сознания, сильной боли, признаках сердечной, почечной или печеночной недостаточности домашнего формата недостаточно. В подобных случаях требуется экстренная диагностика и транспортировка в профильное отделение. Если наблюдаете быстрое ухудшение, необходимо вызвать скорую помощь, поскольку промедление способно увеличить риск вреда для здоровья.
Подробнее – kapelnica-ot-zapoya-kruglosutochno

Add Comment