ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၉၉ သိန်း လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာက ထိခိုက် သေဆုံးခဲ့သူတွေအတွက် ၉၉ သိန်း လှူဒါန်းခဲ့တယ်လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၆ မိနစ်မှာ စစ်ကော်မရှင်က လေကြောင်းကနေ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  အသက် ၆ နှစ် အရွယ် ကနေ အသက် ၇၀ အရွယ်ရှိ အပြစ်မဲ့ပြည်သူ ကျား/မ စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အသက် ၇ နှစ် အရွယ်ကနေ အသက် ၆၀ အရွယ်ရှိ ကျား/မ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။

“ဒီနေ့ဆိုရင် အမျိုးသမီးကြီး ၁ ဦး ထပ်မံသေဆုံးတဲ့အတွက် သေဆုံးသူ ၁၈ ဦးထိ ရှိလာပြီး ဒဏ်ရာရသူ ၁၄ ဦး ရှိပါတယ်။ အိမ်က ၁၃ ဆောင် လုံးဝပျက်စီးပါတယ်။ လတ်တလောက အလှူငွေပဲ လှူခဲ့ရပါသေးတယ်” လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သေဆုံး၊ ဒဏ်ရာရသူ ၃၃ ဦး အတွက် ၁ ဦးကို  ၃ သိန်းနှုန်းနဲ့ အလှူငွေ ၉၉ သိန်းကို လှူဒါန်းခဲ့တာဖြစ်ပြီး ပြည်တွင်းပြည်ပက စေတနာရှင်တွေရဲ့ အလှူငွေကို တဆင့် ပြန်လှူဒါန်းတာဖြစ်ပြီး၊ လှူဒါန်းပေးတဲ့ စေတနာရှင်တွေကို ကျေးဇူးတင်ရှိပါတယ်လို့လည်း သူက ဆိုပါတယ်။

Related posts

ကျောက်ဖြူတွင် ချင်းလူငယ်တွေနဲ့ ခရိုင်ပါတီကော်မတီတို့ တွေ့ဆုံ

ကျောက်ဖြူ သိုင်းချောင်းဆည်အနီးတွက် စကမ စစ်ကြောင်းတပ်ပျက်၊ သေဆုံးသူများပြား

ပလက်ဝက မီးလောင်သွားတဲ့ အိမ်ထောင်စုတွေကို HDCO အရေးပေါ် ပစ္စည်း ထောက်ပံ့