ကျောက်ဖြူတွင် ချင်းလူငယ်တွေနဲ့ ခရိုင်ပါတီကော်မတီတို့ တွေ့ဆုံ

အာရက္ခတိုင်းမ်စ် (၂၆ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူုမြို့နယ်တွင် ချင်းလူငယ်တွေနဲ့ ခရိုင်ပါတီကော်မတီတို့ ဖေဖော်ဝါရီလ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ကျောက်ဖြူခရိုင်အတွင်းရှိ ချင်းလူငယ်ခေါင်းဆောင်များ၊ ချင်းဒေသခံများ တက်ရောက်ခဲ့ပြီး ကျောက်ဖြူခရိုင်ပါတီအတွင်းရေးမှူးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဖြူခရိုင်ပါတီအတွင်းရေးမှူးက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံချင်းလူငယ်များကလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ မူဝါဒများနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ မေးမြန်းမှုများကို ခရိုင်ပါတီအတွင်းရေးမှူးက ပြန်လည်ဖြေကြားပြီး အနာဂတ်တိုင်ပြည်တည်ဆောက်ရေးမှာ ချင်းလူငယ်တွေလည်း လက်တွဲ ပါဝင်သင့်တယ်လို့ ဆိုပါတယ်။

ချင်းအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခွင့် ရရှိတဲ့အပေါ် ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌက အထူးကျေးဇူးတင်ပါကြောင်း အလေးအနက် ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Ref & Photo – GEM

Related posts

သစ္စာဖောက်တယောက်ပေါ်ရုံနဲ့ တော်လှန်ရေး ဘာမှမဖြစ်

ကျောက်ဖြူ သိုင်းချောင်းဆည်အနီးတွက် စကမ စစ်ကြောင်းတပ်ပျက်၊ သေဆုံးသူများပြား

ပလက်ဝက မီးလောင်သွားတဲ့ အိမ်ထောင်စုတွေကို HDCO အရေးပေါ် ပစ္စည်း ထောက်ပံ့