မင်းတုန်း ရက္ခိုင် ကုန်ပို့တဲ့လမ်းပေါ် စကမ ဗုံးကြဲ၊ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံး(Breaking News)

အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆)

မကွေးတိုင်းကနေ ရက္ခိုင်ပြည်ကို ကုန်းပစ္စည်းတွေပို့တဲ့ လမ်းပေါ်ကို စစ်ကော်မရှင်က ဒီကနေ့ မတ်လ ၁ ရက် မနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့လို့ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ မင်းတုန်း ရက္ခိုင် ကုန်ချနေတဲ့လမ်းကို ဗုံးချခံလိုက်ရပါတယ်။ ရက္ခိုင် ၂၀ ကျော် ပါသွားပါတယ်။ ကားလည်း ၂၀ ဝန်းကျင်ပါ” လို့ မင်းတုန်းမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ဗုံးကြဲချခဲ့တဲ့နေရာဟာ မကွေးတိုင်းနဲ့ ရက္ခိုင်ပြည်ကြားက ကုန်သည်တွေစုရပ်လုပ်နေတဲ့ နေရာတခုဖြစ်တယ်လို့ သိရပါတယ်။

“ ရက္ခိုင်က ကြက်စာ၊ ဘဲစာ၊ ရွှေပုဇွန် လာတဲ့ကားနဲ့ မင်းတုန်းဖက်က ရက္ခိုင်ကို အပြန် ကုန်ချတဲ့နေရာကို တည့်တည့်ကျတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်လက်ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် လာရောက်ကြဲချခဲ့တာဖြစ်ပြီး ပထမ အကြိမ်မှာ ထိခိုက်ဒဏ်ရာ ရရှိမှုနည်းပါးခဲ့ပေမယ့် ဒုတိယအကြိမ်မှာတော့ လေယာဉ်သံကြောင့် သစ်ပင်အောက်တွင် ဝပ်နေတဲ့ နေရာကို ကျလို့ အသေအပျောက် များပြားခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိသူ ၈ ဦး ရှိခဲ့ပြီး အသေးစားဒဏ်ရာ ရရှိသူ များပြားတယ်လို့လည်း သိရပါတယ်။

Related posts

ULA/AA နှင့် ထောက်လှမ်းရေးအခန်းကဏ္ဍ

တိုက်ပွဲပြင်းထန်နေလို့ ကျောက်ဖြူက ဓာတ်အားပေးစက်ရုံတရုံ ပြောင်းရွှေ့

ဧရာဝတီတိုက်ပွဲတွင် စကမရဲ့ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံး၊ ထိခိုက်မှုများနေ