ရက္ခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုကို ရက္ခိုင်အဖွဲ့အစည်းတွေ ကန့်ကွက်

အာရက္ခတိုင်းမ်စ် (၄ မတ် ၂၀၂၆)

ရက္ခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စော်ကားပြောဆိုမှုကို ကန့်ကွတ်ကြဖို့နဲ့ စော်ကားပြောဆိုသူတွေကို အရေးယူဖို့ ကျောက်တော်လူငယ်များအစည်းအရုံးနဲ့ မင်းပြားလူငယ်များအစည်းအရုံးတို့က ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်က ရက္ခိုင်လူငယ်အဆိုတော် တနင်္ဂနွေအပါအဝင် လူ ၄ ဦး တို့က ရက္ခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုထားတဲ့ ရုပ်သံဖိုင်တခုဟာ Ko Thet ဆိုတဲ့ အကောင့်ပိုင်ရှင်ကနေတဆင့် လူမှုကွန်ရက် စာမျက်နှာပေါ်ကို ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံဖိုင်မှာ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရဲ့ အထင်ကရ ဂစ္စပနဒီတံတားပေါ်မှာ ရက္ခိုင်အမျိုးသမီးတွေအပေါ် လေးစားမှုမရှိဘဲ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ ရက္ခိုင်ပြည်တွင်းက အမျိုးသမီးတွေအပေါ် လေးစားမှု၊ တန်ဖိုးထားမှုနဲ့ ကျားမတန်းတူညီမျှမှု အားနည်းနေပြီး လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုနဲ့ ရှေးရိုးစွဲ ဖိုဝါဒ ကြီးစိုးနေတယ်ဆိုတဲ့ အထောက်အထားတရပ် ဖြစ်တယ်လို့ ကျောက်တော်လူငယ်များအစည်းအရုံးက ထောက်ပြထားပါတယ်။

ဒါကြောင့် အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုကို နည်းလမ်းမျိုးစုံနဲ့ နှိမ့်ချတဲ့ ကိုယ်နှုတ်အမူအရာတွေအားလုံးကို ထုတ်ဖော် ကန့်ကွက်ကြဖို့ ကျောက်တော်လူငယ်များအစည်းအရုံးနဲ့ မင်းပြားလူငယ်များအစည်းအရုံးတို့က အမျိုးသမီးထုတွေကိုယ်စား ရှုံချပြီး တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

Related posts

မောင်တောတွင် ၅ နှစ်အောက်ကလေးတွေကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးနေ

စကမက စက်သုံးဆီချွေတာရေး စုံနံပါတ်ပါတဲ့ကားတွေ စုံရက်မှာပဲ မောင်းနှင်ရမယ်လို့ဆို

ယိုးငူရွာဖြစ်စဉ် သေဆုံးသူ ၁၉ ဦးထိ ရှိလာပြီး အရေးပေါ်လူနာတချို့ စိုးရိမ်နေရ