ကစ္ဆပနဒီတံတားကို စကမ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၁၃ မတ် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ကစ္ဆပနဒီတံတားကို မတ်လ ၁၂ ရက် ည ၁၀ နာရီ ဝန်းကျင်မှာ စစ်ကော်မရှင်က လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

“ ကစ္စပနဒီတံတားနဲ့ ကျောက်တော်တောင် အနီးဝန်းကျင်ကိုကျတယ်။ အသေ အပျောက် မသိရသေးဘူး” လို့ ကျောက်တော်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲမှုကြောင့် ကျောက်တော်မြို့အဝင် အရှေ့ဘက် (ကျောက်တော်တောင် ခြေရင်းရှိ) ကစ္ဆပနဒီတံတားတွင် ကျရောက်ပေါက်ကွဲ၍ ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ကစ္ဆပနဒီတံတားဟာ ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာတည်ရှိပြီး ပြည်သူလူထု အဓိက သွားလာနေတဲ့ လမ်းတခုလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ မနေ့ညက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း ကစ္ဆပနဒီတံတားအနီးနဲ့ ကျောက်တော်မြိုပေါ်ကို Y-12 လေယာဉ်နဲ့ ကင်းထောက် ပျံဝဲနေတယ်လို့ သိရပါတယ်။

Related posts

ပြည်သူတွေဆဲတာကို မင်းအောင်လှိုင်က သူသိကြောင်း ဝန်ခံ

နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူပို့တဲ့စစ်ကြောင်း AA တိုက်ခိုက်လို့ တပ်ပျက်ထွက်ပြေး

■ အီရန်စစ်ပွဲက ရုရှားအတွက် ဘာတွေ အကျိုးဖြစ်စေမလဲ