အာရက္ခတိုင်းမ်စ် (၁၃ မတ် ၂၀၂၆)
အာရက္ခတပ်တော်က အခြေခံစစ်ပညာ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) အပတ်စဥ် ၁ သင်တန်းပြီးဆုံးသွားပြီလို့ သိရပါတယ်။
အဆိုပါသင်တန်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ယောတပ်တော်(YA)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway-PDF) နဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တို့ စုပေါင်း တက်ရောက်ခဲ့တာလို့လည်း သိရပါတယ်။
အာရက္ခတပ်တော်က အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ စစ်သည်တော်ကျင့်ဝတ် နဲ့ စစ်စည်းကမ်းတွေကို လေ့ကျင့် သင်ကြားပေးခဲ့တာလို့လည်း သိရပါတယ်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးနဲ့ ပြည်သူလူထုလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုအား၊ ညီညွတ်မှုအားနဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို SRA တပ်ဖွဲ့ဝင် တပ်မှူးများ၊ မဟာမိတ်တော်လှန်ရေးတပ်များက တပ်မှူးများ၊ ဒေသတွင်း ရပ်မိရပ်ဖများနဲ့ သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း ရဲဘော်များကို ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
3 Comment
References:
Windsor casino https://victorxhiy426961.develop-blog.com
References:
Joyland casino https://clipjournal.space
References:
Online Casino Test spielbank baden-baden