မင်းပြားတွင် အရက်မူးပြီး ကိုယ့်အိမ်ကို မီးရှို့မှုဖြစ်ပွား

အာရက္ခတိုင်းမ်စ် (၁၅ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာတွင် ဧပြီလ ၁၂ ရက်က အရက်မူးပြီး ကိုယ့်နေအိမ်ကို ကိုယ်ကိုတိုင် မီးရှို့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ မနက်ကတည်းက အရက်သောက်နေတာ နေ့လည်ကျတော့ သူ့အိမ်သူ မီးရှို့တာ၊ တော်သေးတာက သူ့အိမ်တလုံးပဲ လောင်သွားလို့လေ။ အခြားအိမ်တွေကို မီးမကူးလိုက်ဘူး” လို့ မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အရက်မူးပြီး ကိုယ့်နေအိမ်ကို မီးရှို့သူမှာ ရက္ခိုင်ပြည် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာနေ အသက် ၅၈ နှစ်အရွယ် ဦးကျော်လှဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မီးရှို့မှုကြောင့် နေအိမ်တခုလုံး မီးလောင်ပြာကျသွားခဲ့ပြီး လက်ရှိတွင် မီးရှို့ခဲ့သူ အိမ်ပိုင်ရှင် ဦးကျော်လှကို ဒီလပ်ဌာနမှ ရာဇသတ်ကြီး ပုဒ်မ – ၄၃၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ် မပေါ့ဆကြရန်၊ မီးဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားရမယ့် အချက်များပါတဲ့ ဆိုင်းဘုတ်များ “ မီးသတိပြု ၊မီးဘေးအန္တရာယ်ကာကွယ်ပါ” စတဲ့ ဆိုင်းဘုတ်များထောင်ကာ သတိပေး နှိုးဆော်ထားပြီး မီးဘေးအန္တရာယ် ပညာပေး ဟောပြောမှုတွေကိုလည်း ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်က ရေသန့်စက်ရုံ ၄၆ ရုံတွင် ၈ ရုံသာ စံချိန်မှီ

သွားလာစရိတ်ကြီးလို့ ရက္ခိုင် ကနေ ရန်ကုန်ကို ကျောင်းတက်ရန် ခက်ခဲနေ

အာသောကမှာ ရေးတဲ့ အက်ဆေး

1 Comment

https://atomcraft.ru/ မေ 27, 2026 - 7:15 မနက်

References:

Fantasy springs casino https://atomcraft.ru/

Add Comment