စစ်တွေ ပွိုင့်ကမ်းခြေကို ၃ ရက် ပြန်ဖွင့်ပေးမယ်

အာရက္ခတိုင်းမ်စ် (၁၇ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည်မှာ တကျော့ပြန်တိုက်ပွဲအတွင်း လုံခြုံရေးအကြောင်းပြပြီး ပိတ်ထားတဲ့ စစ်တွေမြို့က ပွိုင့်ကမ်းခြေကို ဧပြီလ ၁၇ ရက်ကနေ ၁၉ ရက်အထိ ၃ ရက်တာ ဖွင့်လှစ်ပေးသွားမယ်လို့ စစ်တွေမြို့ခံတွေထံက သိရပါတယ်။

ရက္ခိုင်ဓလေ့ဖြစ်တဲ့ နှစ်ဆန်းတရက်နေ့မှာ ကျရောက်တဲ့ သင်္ကြန်နောက်ဆုံးရက်နဲ့ ပိတ်ရက်တွေမှာ ပျော်ရွှင်နိုင်ဖို့အတွက်လို့ဆိုပြီး အသစ်တက်လာတဲ့ စစ်ခေါင်းဆောင်အလိုကျ ရက္ခိုင်ပြည်ယ် ဝန်ကြီးချုပ် ဦးနိုင်ဦးက ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “စစ်တွေမှာ ရက္ခိုင်သင်္ကြန်အနေနဲ့ ၁၇ ရက်နေ့ နှစ်ဆန်းတရက်နေ့က ရက္ခိုင်သင်္ကြန် နောက်ဆုံးနေ့။ နောက်ဆုံးနေ့ဆိုတော့ ၁၇၊ ၁၈၊ ၁၉ ရယ်ဆိုတာ သောကြာ၊ စနေ၊ တနင်္ဂနွေပေါ့။ အဲဒီ ၃ ရက်ကို ပိတ်ထားတဲ့ လက်ရှိအခြေအနေမှာ ပိတ်ထားတဲ့ စစ်တွေကမ်းခြေ၊ ပွိုင့်ကမ်းခြေနေရာကို ပြည်သူတွေ သွားလာဖို့၊ ပျော်ရွှင်ဖို့အတွက် ဖြစ်အောင်ဆိုပြီးတော့ အခု စတင် ဆောင်ရွက်နေတဲ့ ကြံ့ခိုင်ရေးဝန်ကြီး၊ ရက္ခိုင်ပြည်နယ် ဝန်ကြီးချုပ်ပေါ့ ဦးနိုင်ဦးက ၃ ရက်တာ ပျော်ရွှင်ဖို့အတွက်ကို စစ်တွေပွိုင့်ကမ်းခြေကို ဖွင့်ပေးမယ်ဆိုပြီး ကြားသိရပါတယ်။ ပြီးရင် အဲဒီနေရာကို ပြန်ပိတ်မယ်လို့ သိရတယ်ပေါ့နော်။ ဘာလို့ဆို စစ်တွေမှာက ဒီ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ကို နောက်ဆုံးသင်္ကြန်အဖြစ် သတ်မှတ်ထားတာ။ ဟိုးအရင်ကတည်းက အခုမှ မဟုတ်ပါဘူး။ နောက် များသောအားဖြင့် နှစ်တိုင်း နှစ်တိုင်းပေါ့။ သင်္ကြန်ပြီးသွားရင် နောက်ဆုံးအပတ်ဖြစ်တဲ့ ကြာသပတေးပဲဖြစ်ဖြစ် ဗုဒ္ဓဟူးပဲဖြစ်ဖြစ် လာမယ့် တနင်္ဂနွေနဲ့ စနေနေ့ကို အရင် တိုင်းပြည်အခြေအနေ ကောင်းတုန်းကဆို picnic ထွက်ကြတယ်ပေါ့။ နောက်ဆုံး သင်္ကြန်ပုံစံမျိုးနဲ့ အဲဒီတနင်္ဂနွေနေ့ကို ကားနဲ့ လည်ကြတယ်၊ မြို့ပတ်ကြတယ်။ မြို့ပြင်မှာရှိတဲ့ နေရာတွေကို သွားကြတယ်။ တချို့ဆိုရင် ပန်းခြံတို့ မြို့ပြင်မှာရှိတဲ့ ပန်းခြံနေရာတွေကို သွားကြတယ်။ ပျော်ရွှင်ကြတယ်” လို့ ပြောပါတယ်။

စစ်တွေပွိုင့်ကမ်းခြေကို စစ်ကော်မရှင်က အာရက္ခတပ်တော်တို့ ရေလမ်းကြောင်းကနေ ဝင်ရောက်လာမှာကို စိုးရိမ်တဲ့အတွက် သံဆူးကြိုးတွေနဲ့ ခြံခတ် ပိတ်ပင်ထားတာဟာ ၂ နှစ်နီးပါးရှိနေပါပြီ။

သင်္ကြန်အကြိုနေ့မရောက်ခင် တရက်အလိုက စစ်တွေမြို့ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်ဟာ လေပြင်းမတိုက်ဘဲ ပြိုသွားတဲ့ဖြစ်စဉ်လည်း ဖြစ်သွားခဲ့သေးတာပါ။

ဒေသခံတဦးက “ကမ်းနားမှာ မြေမြှုပ်မိုင်းတွေ ရှိလား၊ မရှိလားဆိုတာတော့ ဘယ်သူမှ မြင်တာ၊ သိတာ မဟုတ်ဘူးပေါ့နော်။ ပျော်ရွှင်မှုတွေ လုပ်ရင်လည်း သတိထားကြဖို့။ များသောအားဖြင့်ကတော့ ကလေးသူငယ်တွေ။ လူကြီးတွေကတော့ သိပ်ပျော်ပျော်ရွှင်ရွှင် သွားကြ လာကြမှာတော့ ရှိမယ် မထင်ဘူးပေါ့။ စစ်တွေကမ်းနားလမ်းက အရင်ကဆို သံဆူးကြိုးလည်း မကာဘူးလေ။ ဒီတိုင်း ပလက်ဖောင်းလုပ်ထားပြီး အချောလုပ်ထားတာ။ အခုကြတော့ စစ်ကာလ၊ တိုက်ပွဲကာလနောက်ပိုင်းမှာ အဲဒီ သံဆူးကြိုးတွေနဲ့ ကာထားတာ ရှိတယ်။ အရင်ဝန်ကြီးချုပ်လက်ထက်။ ပြီးရင် သံဆူးကြိုးအပြင် ဝါးကပ်တွေနဲ့ ကာတယ်။ အဲဒီလို ကာထားတာတွေ ရှိပြီးတော့ တြိဂံခွဆုံဆိုတဲ့နေရာကနေ ပွိုင့်ဘက်ကို ကျော်သွားလို့ မရတော့ဘူး။ တြိဂံခွဆုံအထိပဲ သွားလို့ရတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ရက္ခိုင်ပြည်မှာ စစ်ခေါင်းဆောင်အလိုကျ အစိုးရအဖွဲ့အသစ် ဖြစ်နေချိန်မှာပဲ အာရက္ခတပ်တော်အနေနဲ့ ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်အတွင်း ကျန်မြို့တွေအားလုံးကို အပြီးသတ်သိမ်းပိုက်သွားမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။

Related posts

နတ်ရေကန်တိုက်ပွဲတွင် ရွေးတုအစိုးရက ဒုံးတပ်ဖွဲ့နဲ့ပါ ခုခံနေရ

အာရက္ခထီ (လောင်ပေါ်) စတင်ရောင်း၊ ထီ (လောင်ပေါ်) ထိုးသူ များပြား

“ စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်း စတင်

10 Comment

hindubetapk ဧပြီ 20, 2026 - 5:41 မနက်

Downloaded the hindubetapk app the other day. So far, so good! Interface is smooth and easy to use. Worth a try if you’re looking for something new. Get it here: hindubetapk

77betallgame ဧပြီ 20, 2026 - 5:42 မနက်

77betallgame has a surprisingly good selection of games! I’ve been checking it out and enjoying playing. Could be my new favorite. Give it a look: 77betallgame

iplbetapp ဧပြီ 20, 2026 - 5:42 မနက်

With IPL season in full swing, I’ve been using iplbetapp a lot! Convenient and seems to have decent odds. Definitely recommend it for IPL fans: iplbetapp

rent yacht montenegro 726 မေ 5, 2026 - 11:56 ညနေ

yacht charter in Montenegro Montenegro yacht charter

Jamesveits မေ 9, 2026 - 11:30 မနက်

гангстер коп и дьявол воронины смотреть онлайн

stomatologiya 258 မေ 12, 2026 - 7:06 မနက်

стоматология прием врачи стоматологии

https://isowindows.net/user/cyclecoach45/ မေ 27, 2026 - 7:41 မနက်

References:

Single deck blackjack https://isowindows.net/user/cyclecoach45/

https://junaidmiwl004867.tkzblog.com/ မေ 31, 2026 - 3:05 မနက်

References:

Lucky live casino https://junaidmiwl004867.tkzblog.com/

https://de.kzen.dev/ မေ 31, 2026 - 3:20 မနက်

References:

Aria casino https://de.kzen.dev/

www.bandsworksconcerts.info ဇွန် 2, 2026 - 2:06 မနက်

References:

Reno nevada casinos http://www.bandsworksconcerts.info

Add Comment