မူဆယ်တွင် AA က ခြင်ဆေးများ ဖျန်းပေးနေ

အာရက္ခတိုင်းမ်စ် (၂၁ ဇွန် ၂၀၂၆)

ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသဖြစ်တဲ့ မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်တွင် အာရက္ခတပ်တော်နဲ့ ပူးပေါင်းအဖွဲ့တွေက ခြင်အန္တရာယ်ကင်းစေရန်အတွက် ဇွန်လ ၂၀ ရက် မနက်ပိုင်းက ခြင်ဆေးများ ဖျန်းပေးခဲ့တယ်လို့ သိရပါတယ်။

“ စာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ကွက်တွေမှာ မိုးတွင်းကာလ ခြင်အန္တရာယ်များ ကင်းဝေးစေရည် ရည်ရွယ်ပြီးတော့ ခြင်ဆေးဖျန်းတာတွေ အများသုံး ရေကန်များတွေမှာလည်း ပိုးလောက်လန်းသတ်ဆေး (Abate) များထည့်ကာ ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်” လို့ မိုင်းယု ၁၀၅ က ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ခြင်ဆေးဖြန်းခြင်းကို ညီနောင်မဟာမိတ်အုပ်ချုပ်ရေးကော်မတီနဲ့ ၁၀၅မိုင် ပြည်သူ့ဆေးရုံ ကျန်းမာရေးဌာနတို့က ဦးဆောင်ပြီး လူမှုရေးအဖွဲ့များဖြစ်ကြတဲ့ TZ ဖောင်ဒေးရှင်း၊ ပါရမီ လူမှုကူညီရေးအသင်း အပါအဝင် အာရက္ခတပ်တော် (AA) နဲ့ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များက ပူးပေါင်း ပါဝင်ခဲ့ကြတာလို့လည်း သိရပါတယ်။

ခြင်းအန္တရာယ် ကြိုတင်ကာကွယ်ခြင်းအတွက် ခြင်ဆေးဖျန်းခြင်းကို မိုင်းယု ၁၀၅မိုင် အပါအဝင် အနီးဝန်ကျင်ရှိ ကျေးရွာများမှာလည်း ပတ်ဖျန်းသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်ကလည်း ခြင်ကြောင့် ဖြစ်တတ်တဲ့ သွေးလွန်တုတ်ကွေး ရောဂါအကြောင်းကို ၁၀၅ မိုင် ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းများဦးဆောင်ကာ အ.ထ.က (မိုင်းယု) ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားများကို အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – မိုင်ယု

Related posts

စနဲကို ရွေးတုအစိုးရ စစ်ကြောင်းထပ်ထိုး၊ AA တိုက်ခိုက်မှုကြောင့် အကျအဆုံးနဲ့ နောက်ပြန်ဆုတ်

ကျိန္တလီကို ရွေးတုအစိုးရတပ် ဗုံးချလို့ ပြည်သူ ၂ ဦး ဒဏ်ရာရ

ညောင်ကျိုးကို ထိုးစစ်ဆင်လာတဲ့ ရွေးတုအစိုးရတပ် လေ‌လာတောင်တွင် AA ရဲ့ တိုက်ခိုက်ခြင်းခံရ