ဂွမြို့နယ် ကံ့ကော်တောင်ရွာ ဗုံးကြဲခံရမှုတွင် ဆေးကုသခံနေသူတစ်ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၆ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ် ကံ့ကော်တောင်ရွာကို ရွေးတုအစိုးရတပ်က ဇူလိုင်လ ၂၃ ရက် ညသန်းခေါင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ ဒဏ်ရာ ရတဲ့ ၄ ယောက်ထဲက ဦးချစ်ဆွေ ဆုံးသွားတာပါ။ ဆုံးတာကတော့ ဇူလိုင်လ ၃ ရက် နေ့လည် ၁၂ နာရီလောက်က ဆုံးတာပါ” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကံ့ကော်တောင်ရွာကို ရွေးတုအစိုးရတပ် ဗုံး ၂ ကြိမ် ကြဲချခဲ့လို့ ထိခိုက် ဒဏ်ရာရရှိခဲ့သူတွေကတော့ အသက် ၁၉ နှစ်အရွယ် မနှောင်းသဇင်ထွေး၊ အသက် ၅၂ နှစ်အရွယ် ဦးချစ်ဆွေ၊ အသက် ၅၅ နှစ်အရွယ် ဒေါ်လှကေသီနဲ့ အသက် ၆၀ အရွယ် ဦးကျော်ဝင်း လို့ ဖြစ်ပြီး ဒဏ်ရာ ရရှိသူတွေအနက် ဦးချစ်ဆွေဟာ သေဆုံးခဲ့ပါတယ်။

“ပထမ ၁ လုံးကတော့ ခရစ်ယာန်ဘုရားကျောင်းနားကို ကျတယ်။ ဒုတိယ ၁ လုံးကတော့ စာသင်ကျောင်းနားကိုကျတယ်။ အဆောက်အဦးတချို့ ပျက်စီးပြီးတော့ လူနာတင်ကား ၁ စီးလည်း ပျက်စီးသွားတယ်။ စာသင်ကျောင်းကတော့ ရစရာကို မကျန်လိုက်ဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အဆိုပါ ရွေးတုအစိုးရတပ်ရဲ့ ဗုံးကြဲချမှုကြောင့် ရက္ခိုင်ပြည် ဂွမြို့နယ် ကံ့ကော်တောင်ရွာက ဒေသခံပြည်သူ နေအိမ် ၂ လုံး ပျက်စီးခဲ့ရပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့ရပါတယ်။

Related posts

ချင်းတောင်ပိုင်းတွင် AA အင်အား ၈၀၀ ခန့် တပ်ဖြန့်ထားလို့ ရွေးတုအစိုးရ ခန့်မှန်း

ရေကြည်မှာ စစ်ရေးရှုံးနိမ့်နေလို့ ကွင်းကောက်ကို ရွေးတုအစိုးရ စစ်ကား ၁၀ စီး အင်အားဖြည့်တင်း

တိုက်ပွဲကြားက စစ်ရှောင်ကလေးနဲ့ ငွေကြေးမပြည့်စုံတဲ့ ကလေးတွေကို ဦးစားပေး ပညာသင်ပေးနေ