စောမဲကျီဖောင်ဒေးရှင်းက ရက္ခိုင်ရေဘေးအတွက် သိန်း ၁၀၀၀ လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၂ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်က ရေဘေးဒဏ်သင့် ပြည်သူတွေအတွက် စောမဲကျီဖောင်ဒေးရှင်းက HDCO ကတဆင့် သိန်း ၁၀၀၀ ကျပ်ကို ဇူလိုင်လ ၁၀ ရက်တွင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“အာရက္ခပြည် မြို့နယ်တစ်ချို့တွင် ရေကြီး/ရေလျှံမှုကြောင့် အာရက္ခပြည်သူများ အရေးပေါ် စာနပ်ရိက္ခာများ လိုအပ်လျှက်ရှိရာ စောမဲကျီဖောင်ဒေးရှင်းက ပြည်တွင်း၊ ပြည်ပရောက် အလှူရှင်တို့ရဲ့ အလှူငွေများနဲ့ 50kg ဆန်အိတ် (၁,၃၈၉) အိပ်အတွက် မြန်မာကျပ်ငွေသိန်း – ၁,၀၀၀ (သိန်းတစ်ထောင်) ကို HDCO သို့ လှူဒါန်းပါတယ်” လို့ စောမဲကျီဖောင်ဒေးရှင်းက ဆိုပါတယ်။

လက်ရှိမှာတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ရက္ခိုင်ပြည်ရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းနဲ့ ဘူးသီးတောင်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ထောက်ပံ့ ကူညီပေးနေတယ်လို့ သိရပါတယ်။

“ပြည်တွင်း၊ ပြည်ပ အလှူရှင်များရဲ့ အလှူငွေများနဲ့ စောမဲကျီဖောင်ဒေးရှင်းက အရေးပေါ် ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာ ဆန်အိတ်များနဲ့ အခြားလိုအပ်တဲ့ အသုံးအဆောင်များ ကူညီ ထောက်ပံ့ပေးနိုင်မှုအတွက် ရေဘေးသင့် ပြည်သူတွေကိုယ်စား ပြည်တွင်း၊ ပြည်ပ အလှူရှင်များကို ကျေးဇူး အထူးတင်ရှိပါတယ်” လို့လည်း စောမဲကျီဖောင်ဒေးရှင်းက ဆိုပါတယ်။

ရက္ခိုင်ပြည်တွက် ရေဘေးဒဏ်ကို ပြည်သူ ၁ သိန်းခန့် ကြုံတွေ့နေရပြီး မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့က အဆိုးဆုံး ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

Related posts

အာရက္ခနိုင်ငံတော် လက်ထဲက သင် (သို့) သင့်လက်ထဲက အာရက္ခနိုင်ငံတော်

ရွာလုံးကျွတ် သွေးလွန်တုတ်ကွေး နဲ့ ငှက်ဖျားရောဂါဖြစ်နေတဲ့ ဝေသာလီရွာကို AA သွားရောက် ဆေးကုသပေး

လေးဝတီထွန်းရွှေ မေဒါဝီဆေးရုံတွင် ကွယ်လွန်