ဗိုလ်ကြီး နေမျိုးဇင် ရက္ခိုင်ရေဘေးအတွက် ဘတ် ၁ သောင်း လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်က ရေဘေးသင့်ပြည်သူတွေအတွက် ဗိုလ်ကြီး (ဟောင်း) နေမျိုးဇင်က ထိုင်းငွေ ဘတ် ၁ သောင်းကို စာရေးဆရာ ဌေးဝင်းကတဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ရက္ခိုင်ရေဘေးအတွက် အလှူရှင် ပြည်သူ့ဘက်တော်သား နေမျိုးဇင် ဦးဆောင်တဲ့ နေဇ ဖောင်ဒေးရှင်းမှ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ အလှူငွေ ဘတ် ၁၀,၀၀၀ ကို ရက္ခိုင်ရေဘေးဒဏ်ခံ ပြည်သူများအတွက် အသုံးပြုနိုင်ရန် လှူဒါန်းပါတယ်။ အခုလို လှူဒါန်းရတဲ့ ကုသိုလ်ကံ စေတနာကြောင့် နေဇ ဖောင်ဒေးရှင်း အဖွဲ့သူ အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါစေ။ စီးပွါး လာဘ်လာဘများ ဆထက်တပိုး တိုးပွါးကြပါစေ။ ရေဘေးဒဏ်ခံရတဲ့ ပြည်သူများလည်း ဘေးဒုက္ခမှ အမြန်ဆုံး လွတ်မြောက်ကြပါစေ” လို့ စာရေးဆရာ ဌေးဝင်းက ဆိုပါတယ်။

ဇူလိုင်လဆန်းက စတင်ကာ ရက္ခိုင်ပြည်တွင် မိုးသည်းထန်စွာရွာသွန်းလို့ မြို့ယ် ၈ ခုထက်မနည်း ရေးကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၁ သိန်းကျော် ရေဘေးဒဏ်သင့်ခဲ့ပါတယ်။

ဗိုလ်ကြီး (ဟောင်း) နေမျိုးဇင်က “ရက္ခိုင့်သားချင်းများအတွက် ပြည်ထောင်စုသွေးရင်း ညီအကိုများရဲ့ စာနာမှု စုပေါင်းအကူအညီ ဖြစ်ပါတယ်။ ရက္ခိုင်သူသားအားလုံး ဘေးအမျိုးမျိုးက ကင်းပ သက်သာပြီး လွတ်လပ် ပျော်ရွှင်နိုင်ပါစေ” လို့လည်း ဆုတောင်းစကား ပြောဆိုထားပါတယ်။

အဆိုပါကဲ့သို့ ရေကြီးရေလျှံမှုကြောင့် ရေးဘေးဒဏ်သင့် ရက္ခိုင်ပြည်သူတွေအတွက် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDF ကလည်း ငွေကျပ် သိန်း ၅၀ ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကတဆင့် လှူဒါန်းခဲ့ပါတယ်။

အလားတူ 96 Soldiers PDF တပ်ဖွဲ့ ၁၀ သိန်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ငွေကျပ် ၁၀ သိန်း၊ ကချင်တိုင်းရင်းသူ အဆိုတော် မိုင်းမိုင်ဆိုင်း က ငွေကျပ် သိန်း ၂၀ နဲ့ စောမဲကျီဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်လူမျိုး ဇနီးမောင်နှံ ထိုင်းထီ ဘတ် ၆ သန်း ဆု ဆွတ်ခူး

AAဟာ အင်အားနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး တပ်ဖွဲ့လို့ အမေရိကန်ထိပ်တန်း သုတေသနအဖွဲ့ပြော

အာရက္ခ ဒီရေတောများကို ကာကွယ်ပါ