AA က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ရွေးတုအစိုးရကို တုန့်ပြန်မယ်

အာရက္ခတိုင်းမ်စ် (၂၀ ဇူလိုင် ၂၀၂၆)

အာရက္ခတပ်တော်က ရွေးတုအစိုးရကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တုန့်ပြန်သွားမယ်လို့ မနေ့က (၁၉ ဇူလိုင်) မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေနဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တိုင်းကို အာရက္ခပြည်သူတစ်ရပ်လုံးနဲ့သာမက မိမိတို့ကို ယုံကြည်လေးစား အားကိုးတန်ဖိုးထားတဲ့ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နယ်မြေချင်း ထိစပ်နေတဲ့ မိတ်ဖက် အဖွဲ့အစည်းများနဲ့ အတူတကွ လက်တွဲပြီး တုံပြန် ဆောင်ရွက်သွားမယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

၇၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ရွေးတုအစိုးရ သမ္မတ မင်းအောင်လှိုင်က တိုင်းပြည် စုစည်း ညီညွတ်ရေးစကား ပြောကြားခဲ့ပြီးနောက် ရက္ခိုင်ပြည်က မအီ၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့ ၃ မြို့ကို လေကြောင်းနေ ဗုံးကြဲတိုက်ခိုက်အပြီးမှာ အာရက္ခတပ်တော်က အခုလို ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ရွေးတုအစိုးရဟာ ဇူလိုင်လ ၁၉ ရက်မှာ ရက္ခိုင်ပြည်က မြို့ ၃ မြို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အထက်ပါကဲ့သို့ လပ်ရပ်အပေါ် အာရက္ခတပ်တော်က” ရက် (၁၀၀) အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်သံ၊ တွေ့ဆုံနေမှုများအတွက် အပြောနဲ့အလုပ် ထပ်တူကျမှု မည်ရွေ့မည်မျှ ရှိသလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာများ ရှိနေတာဟာ အထင်အရှားပင် ဖြစ်တယ်” ဆိုပါတယ်။

Related posts

AA ပစ်လိုက်တဲ့ လက်နက်ကြီးကျည် စစ်တွေက စစ်တပ်သင်တန်းကျောင်းကို ကျရောက်ပေါက်ကွဲ

မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ အရေးပါတဲ့ တရုတ်ရဲ့ကဏ္ဍ

စစ်တွေမြို့ထဲကို လက်နက်ကြီး ၅ ခုခန့် ကျရောက်ပေါက်ကွဲ