အာရက္ခတိုင်းမ်စ် (၂၆ ဇူလိုင် ၂၀၂၆)
ရက္ခုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဇူလိုင်လ ၂၅ ရက်က အမျိုးသားတစ်ဦး ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သွားတာကတော့ ကျွဲကျောင်းသွားတာ။ ရွာနားက ပဒေသာချောင်းကို ဖြတ်ကူတာမှာ သူက ကျွဲမြီးကိုဆွဲပြီး နောက်ကလိုက်တာမှာ လက်က လွတ်သွားတာနေမယ်။ ရေနစ်သွားတာပေါ့။ အဲဒီနေ့ ညနေဖက်ပဲ သူ့အလောင်းကို ပြန်ရှာတွေ့တယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်ဒေခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရေနစ်သေဆုံးသွားသူကတော့ ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် အထုပ်သည်ကျေးရွာနေ အသ် ၄၀ အရွယ် ဦးမောင်တင်အေး ဖြစ်တယ်လို့ သိရပါတယ်။
“နေ့ချင်းပြီးပဲ သင်္ဂြိုလ်လိုက်ကြတယ်။ မိုးတွင်းကို တော်တော် သတိထားနေရဖို့၊ ဒီနှစ်ထဲ ရေနစ်သေတဲ့သူတွေ မနည်းတော့ဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
အလားတူ ဇွန်လ ၂၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ရွာဟောင်းပိုင်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးခင်မောင်ဝင်းဟာလည်း ရေနစ် သေဆုံးခဲ့ပါသေးတယ်။