AA ထိုးစစ် ခုခံရန် သာပေါင်းကို စစ်အင်အား ထောင်ချီပို့ဆောင်နေ

အာရက္ခတိုင်းမ်စ် (၂၉ သြဂုတ် ၂၀၂၆)

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံရန်အတွက် ဧရဝတီတိုင်း သာပေါင်းမြို့နယ်ကို ရွေတုအစိုးရက အင်အား ထောင်ချီ ပို့ဆောင်ပြီး အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

“ပြည်ကနေပြီး စစ်ကား ၄၅ စီးလောက် ပုသိမ်ကို ရောက်လာတယ်။ အင်အား ၈၀၀ လောက်ပါမယ် ခန့်မှန်းရတယ်။ အဲဒီထဲက တချို့က သာပေါင်းဘက်ကို ဆက်သွားတယ်။ တချို့ကတော့ ပုသိမ် နတခ မှာ ကျန်ခဲ့တယ်” လို့ ပုသိမ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရဟာ ဧရာဝတီတိုင်း ပုသိမ်မြို့ နတခ ကို ရန်ကုန်နဲ့ ပြည်မြို့ကနေ စစ်အင်အား ထောင်ကျော်ကို စစ်ကားအစီးရေ ၈၅ စီး အသုံးပြုပြီး ပို့ဆောင်နေတာလို့လည်း သိရပါတယ်။

အလားတူ ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်းကနေလည်း စစ်ကား အစီးရေ ၂၀ ကျော် တင်ဆောင်ထားတဲ့ သင်္ဘာတစ်စီးဟာလည်း ဧရာဝတီတိုင်းဖက် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရွေးတုအစိုးရဟာ ရက္ခိုင်ပြည် တောင်ကုတ်နဲ့ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ နေရာတွေကို အင်အား ထောင်ချီနဲ့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Related posts

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို လုပ်ကြံနိုင်ရင် သိန်း ၁ သောင်း ဆုပေးမယ်လို့ လော်ဘီ ကျော်စိုးဦး ပြော

လူကုန်ကူးသူတွေကို ထောင်ဒဏ်တစ်သက်ထိ ချမှတ်မယ်လို့ ULA ဆို

ဝမ်းရောဂါကြောင့် ကန့်သတ်ထားတဲ့အတွက် ဟင်းသီးဟင်းရွက် ရှားပါးနေ