စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူပေါင်းတပ် တိုက်ခိုက်၊ ၄ စီး ထိခိုက် ၂ စီး အလံဖြူထောင်

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)

ကချင်ပြည် ဗန်းမော်မြို့ကို ရွှေကူမြို့ကနေ လက်နက်ခဲယမ်း၊ စစ်အင်အားနဲ့ ချီတက်လာတဲ့ ရွေးတုအစိုးရတပ်ရဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူပေါင်းမဟာမိတ်တပ်တို့ ပူးပေါင်းတိုက်ခိုက်လို့ စစ်သင်္ဘော ၄ စီး ထိခိုက်ပျက်စီးသွားပြီး ၂ စီးမှာ အလံဖြူထောင် လက်နက်ချ အညံ့ကြတယ်လို့ ကနဦး သိရပါတယ်။

ဒီကနေ့ မနက် (စက်တင်ဘာ ၂) ၄ နာရီခွဲခန့်မှာ ရွေးတုအစိုးရတပ်ရဲ့ တပ်မ ၃၃ ဒုတပ်မမှူး ဦးစီးတဲ့ စစ်သင်္ဘော အုပ်စုလိုက်ဟာ ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ချီတက်လာတာလည်း ဖြစ်ပါတယ်။

ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတွင် KIA နဲ့ ပူးပေါင်းမဟာတပ်တို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် ရွေးတုအစိုးရတပ်ရဲ့ စစ်သင်္ဘော ၁ စီးဟာ စစ်သားများနဲ့အတူ နစ်မြှုပ်သွားခဲ့တယ်လို့ သိရပါတယ်။

အလးတူ စင်းခန်းဒေသအနီးတွင်လည်း ရွေးတုအစိုးရတပ်ရဲ့ စစ်ရေယာဉ်အုပ်စုကို ထပ်မံ တိုက်ခိုက်ရာ နောက်ထပ် စစ်သင်္ဘော ၁ စီး ထိခိုက် ပျက်စီးခဲ့ပြီး စစ်သင်္ဘော ၁ စီးဟာလည်း မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၂ စီးဟာ ကမ်းကပ်ပြီး အလံဖြူထောင် လက်နက်ချ အညံ့ခံကြပြီး အလင်းဝင်သူ စစ်သား စုစုပေါင်း ၁၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ စစ်သင်္ဘော အုပ်စုလိုက် တိုက်ခိုက်ခံရလို့ ရွေးတုအစိုးရက လေကြောင်းကနေ တိုက်လေယာဉ် အများအပြား အသုံးပြုပြီး ပစ်ကူတွေ ပေးနေတယ်လို့လည်း သိရပါတယ်။

Related posts

သမိုင်းဝင် ရှေးဟောင်းနယ်မြေကို Clean Arakkha စီမံကိန်းနဲ့ သန့်ရှင်းရေးပြုလုပ်နေ

စစ်မှုထမ်းရန် လာရောက်တဲ့ ၁၃ နှစ်ရွယ် ကလေးကို မိဘထံ AA ပြန်အပ်

၄ ကြိမ်မြောက် လောင်ဘော်ဆု ကျပ်သိန်း ၁ ထောင် တိုးမြှင့်