မင်းတုန်းတိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၃ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်နဲ့ မကွေး အစပ်မှာရှိတဲ့ မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီး ပွိုင့် (၉၄၈) ကုန်း အပါအဝင် မင်းတုန်းနဲ့ သဖန်ရောင် ဒေသတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ စစ်ကောင်စီဘက်က အကျအဆုံးများရှိခဲ့ပြီး စွန့်ပစ်သွားခဲ့တဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်

ဓာတ်ပုံ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်

Related posts

AA ထိုးစစ်ခုခံရန် စစ်ကောင်စီက လေးမျက်နှာက စစ်ရှောင်တွေကို လူသားဒိုင်းလုပ်နေ

သမိုင်းဝင် တောင်းဖူးဘုရားကြီး စစ်ကောင်စီက ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

ပုဏ္ဏားကျွန်း ကုလားချောင်းရွာ ဗုံးကျ ပေါက်ကွဲလို့ ပြည်သူတစ်ဦး သေဆုံး