အားပြင်း အယ်နီညို ကြောင့် စံချိန်တင် အပူလှိုင်းနဲ့ ရာသီဥတု ဖောက်ပြန်မှုများ ဖြစ်ပေါ်နိုင်

အာရက္ခတိုင်းမ်စ် (၂၄ စက်တင်ဘာ ၂၀၂၆)

လက်ရှိ ပစိဖိတ်သမုဒ္ဒရာအတွင်း စတင် ဖြစ်ပေါ်နေတဲ့ အယ်နီညို (El Niño) ရာသီဥတု ဖြစ်စဉ်ဟာ ပိုမို အားကောင်းလာပြီး “စူပါ အယ်နီညို” (Super El Niño) အဆင့် ရောက်ရှိလာနေတယ်လိ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) နဲ့ ပညာရှင်များက သတိပေးထားပါတယ်။

အဆိုပါ ပြင်းထန်တဲ့ အယ်နီညိုဖြစ်စဉ်ဟာ ၂၀၂၇ ခုနှစ် အစောပိုင်းအထိ ဆက်လက် အားကောင်းနေမှာဖြစ်ပြီး ကမ္ဘာအနှံ့ သီးနှံထွက်ရှိမှု၊ ပြင်းထန်အပူလှိုင်းနဲ့ ရေကြီး၊ မိုးခေါင်မှု အန္တရာယ်များကို ရင်ဆိုင်ရနိုင်ကြောင်း သိရပါတယ်။

စံချိန်တင် အပူချိန်နဲ့ ကျန်းမာရေး သတိပေးချက်

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Climate Impact Lab ရဲ့ သုတေသနပြုချက်အရ အပြင်းစား အယ်နီညိုကြောင့် လာမယ့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ကမ္ဘာတစ်ဝန်း ပြင်းထန်အပူလှိုင်းကြောင့် သေဆုံးသူပေါင်း ၄၅၀,၀၀၀ ကျော်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အထူးသဖြင့် အာရှနဲ့ အာဖရိက ဒေသများရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပူပြင်းတဲ့ ရာသီဥတုဒဏ်ကို အဆိုးရွားဆုံး ခံရနိုင်ခြေ ရှိနေပါတယ်။

တောင်အာရှနဲ့ အရှေ့တောင်အာရှ မိုးခေါင်ရေရှားမှု

အာရှဒေသ အထူးသဖြင့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံအများစုတွင် ပုံမှန်ထက် မိုးရွာသွန်းမှု လျော့နည်းပြီး မိုးခေါင်ရေရှားမှု၊ စိုက်ပျိုးရေးနဲ့ စိုက်ပျိုးသီးနှံ ထိခိုက်မှု အန္တရာယ်များ ရင်ဆိုင်ရနိုင်ဖွယ် ရှိနေပါတယ်။

စက်တင်ဘာလအတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်မှုများ

စက်တင်ဘာလ တတိယပတ်အတွင်း အယ်နီညိုကြောင့် မုန်တိုင်းနဲ ရေကြီးရေလျှံမှုဒဏ် ပြင်းထန်စွာ ခံရနိုင်တဲ့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ကဲ့သို့ နေရာတချို့တွင် ပြည်နယ်အဆင့် အရေးပေါ်အခြေအနေ ကြေညာကာ ကြိုတင်ပြင်ဆင်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ (UN) ကလည်း အယ်နီညို ဖြစ်စဉ်ဟာ ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံရေးနဲ့ ပြည်သူ့ကျန်းမာရေးအတွက် ထိခိုက်မှုကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှု နည်းပါးစေရန် နိုင်ငံအသီးသီးမှ ကြိုတင်ပြင်ဆင်မှုများ အမြန်ဆုံး ဆောင်ရွက်ကြရန် တိုက်တွန်းထားပါတယ်။

Related posts

ဂျပန်သွားမယ့် လူငယ်တွေကို အေးဂျင့်တချို့ အပိုငွေ အများအပြား တောင်းနေ

“ငယ်သူမို့မမှားစေချင်” စာအုပ်ဟာ ကျောင်းသားနဲ့ မိဘများအတွက်ဟုဆို

အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်း