မြောက်ဦးမှာ ပမာဏ ၅ အဆင့်ငလျင်လှုပ်

အာရက္ခတိုင်းမ်စ် (၄ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှာ ပမာဏ ၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုဟာ ဒီကနေ့ အောက်တိုဘာလ ၄ ရက်၊ မနက်အစောပိုင်း ၁၂ နာရီ၊ ၄၂ မိနစ်နဲ့ ၄၇ စက္ကန့်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

“လှုပ်တယ်။ ၁၂ နာရီလောက်မှာ၊ ဘာမှတော့ အထိအခိုက် အပျက်အစီး မရှိပါဘူး” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့ မြေငလျင်စခန်း အရှေ့မြောက်ဘက် ၅၆ မိုင်ခန့် ကွာဝေးတဲ့ ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် (၂၃ မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၀ ဒသမ ၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃ ဒသမ ၅၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

ကျောက်တော်ဗုံးကြဲခံရမှု အာဆီယံအလှည့်ကျ ဥက္ကဌ စိုးရိမ်ကြောင်း ပြောဆို

သာပေါင်းတွင် စကစ ဗုံးကြဲလို့ ရက္ခိုင်စစ်ရှောင်တစ်ဦး သေဆုံး

ကျန်းမာရေးဌာနနဲ့ HDCO တို့အတွက် ဝန်ထမ်းခေါ်ယူမယ်လို့ APSC ထုတ်ပြန်