စက်တင်ဘာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၈ ဦး သေဆုံးခဲ့ပြီး အများစုမှာ ရက္ခိုင်က ဖြစ်

အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၆)

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီး ၅၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အများစုမှာ ရက္ခိုင်ပြည်က ဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စာရင်းများအရ သိရပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် သေဆုံးမှုကို စာရင်းပြုစုချက်အရ ရက္ခိုင်ပြည်တွင် အမျိုးသမီး ၁၇ ဦးနဲ့ အများဆုံး သေဆုံးခဲ့ရပြီး၊ မကွေးတိုင်းတွင် ၁၃ ဦးနဲ့ စစ်ကိုင်းတိုင်းတွင် ၁၁ ဦး ဖြင့် အသီးသီး သေဆုံးခဲ့ကြပြီး တခြားဒေသများတွင်လည်း ထိခိုက်သေဆုံးမှုများ ရှိနေပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းတွေကတော့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၈ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၇ ဦး၊ ကျည်ထိမှန်မှုကြောင့် ၁ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၁ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် ၁ ဦးတို့ အသီးသီး ပါဝင်ကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဒဏ်ကြောင့် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၅ ဦးနဲ့ မသန်စွမ်း အမျိုးသမီး ၂ ဦးလည်း အသက်ဆုံးရှုံးခဲ့ရပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီး ၆၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။

Related posts

အသက်မပြည့်သေးတဲ့ လူငယ်တစ်ဦးကို ULA/AA မိဘများထံ ပြန်လည်အပ်နှံ

စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်မှုကြောင့် မြေပုံက ငါးဖမ်းသမား ၂ ဦး ပင်လယ်ပြင်တွင် ပျောက်ဆုံးနေ

စစ်ကောင်စီ MA စီးရီးလက်နက်ငယ် မျိုးကွဲအသစ်များကို AA သိမ်းဆည်းရမိ