စစ်ကောင်စီ မကျည်းကုန်ကင်းစခန်းကို KNLA တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

အာရက္ခတိုင်းမ်စ် (၁၂ အောက်တိုဘာ ၂၀၂၆)

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ ပုလောကျေးရွာအုပ်စုအတွင်းရှိ မကျည်းကုန်ကျေးရွာအနီးတွင် တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ-၂၈၅ ကာကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစခန်းကို ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းတို့ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ထိုသို့ ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံက လက်နက်ငယ်တချို့နဲ့ ၆၀ မမ အပါအဝင် အရေးပါတဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိတွင် အဆိုပါဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ်များရဲ့ လှုပ်ရှားမှု အခြေအနေတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စောင့်ကြည့်နေပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားလာနိုင်ချေ ရှိနေတယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်မှာ ဗုံးကြဲမှုတွေကြောင့် စစ်တွေမှာ ကုန်ဈေးတွေ မြင့်တက်

ကျောက်ဖြူတွင် အုပ်ချုပ်ရေးဌာနနဲ့ ပြည်သူများ ပူးပေါင်းပြီး သန့်ရှင်းရေး ပြုလုပ်

အဉ္ဇနပူရမြို့နယ်၊ အိုးသည်ရွာလူသတ်မှုက တရားခံနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဒီလပ်ထုတ်ပြန်