၃ လခွဲအတွင်း ကလေးငယ် ၄၂ ဦးကို စစ်ကောင်စီ သတ်ဖြတ်၊ ရက္ခိုင်ပြည်တွင် အများဆုံးဖြစ်ပွား

အာရက္ခတိုင်းမ်စ် (၁၈ အောက်တိုဘာ ၂၀၂၆)

မြန်မာနိုင်ငံတွင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့တဲ့ ၃ လခွဲကျော်ကာလအတွင်း သက်ငယ်ကလေးငယ် ၄၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအချက်အလက်များအရ သိရပါတယ်။

AAPP က အတည်ပြု ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်ကနေ အောက်တိုဘာလ ၁၆ ရက်အထိ ကာလအတွင်း အသက် ၁၈ နှစ်အောက် မိန်းကလေး ၁၄ ဦးနဲ့ ယောကျ်ားလေး ၂၈ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူများထဲတွင် အငယ်ဆုံးအဖြစ် ၆ လသားအရွယ် ရင်သွေးငယ်တစ်ဦး ပါဝင်ပါတယ်။

ဒေသအလိုက် သေဆုံးမှုများတွင် ရက္ခိုင်ပြည်က ကလေးငယ် ၁၃ ဦးအထိ စာရင်းရှိခဲ့လို့ အများဆုံး စာရင်းဝင်ခဲ့ပြီး ပဲခူးနဲ့ မကွေးတို့တွင်လည်း ကလေးငယ် ၇ ဦးစီ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကလေးငယ်များ သေဆုံးရတဲ့ အဓိက အကြောင်းအရင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး၊ သေဆုံးသူ ၄၂ ဦးအနက် ၃၆ ဦးသည် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူများနဲ့ ကလေးသူငယ်များကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်က စစ်ရှောင်တွေအတွက် မလေးရှားတွင် ရန်ပုံငွေရှာဖွေရေး ဘောလုံးပြိုင်ပွဲ ကျင်းပမယ်

ရက္ခိုင်တွင် AA က စခန်း ၅ ခု သိမ်းပိုက်လို့ ညဏ်လင်းသစ်က ထုတ်ပြန်

ပြည်တွင်းစစ် ဆိုးကျိုးသံသရာကို လူထု သဘောပေါက်ရန်လိုပြီလို့ ဒေါက်တာအေးမောင် ပြောကြား