သာပေါင်းတွင် AA ထိုးစစ်ကြောင့် စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံး၊ အလောင်း ၂၀ ရရှိ

အာရက္ခတိုင်းမ်စ် (၁၉ အောက်တိုဘာ ၂၀၂၆)

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကြက်သွန်ကွင်း – သဲဖြူ – မကျီးဇင် လမ်းပိုင်းတွင် အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအတွင်း ခမရ (၅၃၄) က ဒုတပ်ရင်းမှူး အပါအဝင် ထိခိုက်သေဆုံးသူ များခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိ သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲများအတွင်း သဲဖြူဒေသဘက်တွင် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီရဲ့ ခမရ (၅၃၄) က ဒုတပ်ရင်းမှူး တစ်ဦး ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး ရုပ်အလောင်း ၂၀ ခန့်နဲ့ လက်နက်ခဲယမ်းများကို AA  နဲ့ ပူးပေါင်းမဟာမိတ်တပ်များက သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

“မကြာခင် တပ်တော်က ထုတ်ပြန်မယ်ထင်တယ်။ အလောင်းတချို့ကိုတော့ စစ်တပ်က ရအောင် ပြန်သယ်သွားတယ်။ ပစ မဟုတ်ဘဲ ရာထူးနည်းနည်းကြီးတဲ့ သူတွေ ဖြစ်မယ်ထင်တယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အထက်ပါကဲ့သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားလာတာကြောင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဒုတိုင်းမှူး ဗိုလ်မှူးကြီး ရဲလင်းအောင် ကိုယ်တိုင် သဲဖြူဒေသအထိ ဆင်းပြီး စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲနေတယ်လို့လည်း သိရပါတယ်။

လက်ရှိတွင် အာရက္ခတပ်တော် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် ဂွမြို့နယ်ကို စစ်အင်အား အများအပြားနဲ့ ပြန်လည်ထိန်းချုပ်နိုင်ရန် ပြင်ဆင်နေပြီး စစ်ကြောင်းတွေ ဖြန့်နေတယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်အပါအဝင် ကမ်းရိုးတန်းဒေသတွေမှာ ၂၃ ရက်ကစပြီး မိုးကြီး၊ လှိုင်းကြီးနိုင်

အိန္ဒိယကျားဖြန့်များက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုလုပ်ဆောင်လာ

ငပြီကျွန်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီ စစ်သင်္ဘော ၁ စီး မီးလောင်