အမ်းမြို့နယ် တပ်တောင်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ သံသယရှိသူကို ဒီလပ်ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၅ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အောင်သန်းရွှေကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခန့်က တပ်တောင်မြို့မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးရဲ့ မိခင်က သမီးကို ထမင်းစားဖို့ ခေါ်တုန်း မသင်္ကာဖွယ်တွေ့လို့ လိုက်ကြည့်ရာကနေ ဖြစ်စဉ်ကို သိရခဲ့တာ ဖြစ်ပြီး မိခင်က တားဆီးလိုက်လို့ စွပ်စွဲခံရသူဟာ ထွက်ပြေးသွားခဲ့ပါတယ်။

အောက်တိုဘာလ ၁၂ ရက်မှာ နယ်မြေ ဒီလပ်စခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။

တိုင်တန်းမှုအရ ဒီလပ်တပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းခဲ့ရာ အောက်တိုဘာလ ၁၂ ရက် မွန်းလွဲ ၁ နာရီမှာ တပ်တောင်မြို့ တစ်ဖက်ကမ်းက ကျွဲကူးတောင်ရွာ ကူးတို့ဆိပ်အနီးမှာ ပုန်းအောင်းနေတဲ့ အသက် ၄၄ နှစ်အရွယ် အောင်သန်းရွှေကို ဖမ်းဆီးမိခဲ့ပြီး ဥပဒေအရ ဆက်လက် တရားစွဲတင်သွားမယ်လို့လည်း သိရပါတယ်။

Related posts

 Scarlet Heart Thailand တွင် ရက္ခိုင်ဆီမီးခွက်အက ခိုးယူသုံးစွဲမှု ကန့်ကွက်ခံရ

စစ်ကောင်စီထောက်ခံ ချန်နယ်ရဲ့ ငပြီကျွန်းဗီဒီယိုမှာ AI နဲ့ ဖန်တီးထား

စစ်တွေခရိုင်က စစ်ဘေးရှောင် ၁၃၆ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မျက်စိ အခမဲ့ခွဲစိတ်ကုသပေး