ဗိုလ်ချုပ် ဦးဆောင်မှုနဲ့ “အာရက္ခဒေသ အနာဂတ်အတွက် တန်းတူ ကြိုးစားသွားမယ်” ဒေါက်တာညို မွေးနေ့ဆုတောင်း

အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၆)

အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့ ဒီကနေ့မှာ AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တပ်မှူးချုပ်ရဲ့ ရည်မှန်းချက်တွေနဲ့ အာရက္ခပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ အမြန်ဆုံး အကောင်အထည်ပေါ်လာစေဖို့ တန်းတူ ဆက်လက်ကြိုးပမ်းသွားမယ်လို့ မွေးနေ့ဆုတောင်းစကား ဆိုပါခဲ့တယ်။

ဒေါက်တာညိုထွန်းအောင်က မွေးနေ့သဝဏ်လွှာမှာ တပ်မှူးချုပ်ရဲ့ စိတ်ထဲက ဆန္ဒတွေ အမြန်ဆုံး အကောင်အထည်ပေါ်လာနိုင်မယ်လို့ ယုံကြည်ကြောင်း၊ အာရက္ခပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒတွေလည်း မကြာမီ ပြည့်ဝလာမယ်လို့ ယုံကြည်ကြောင်း ရေးသားထားပါတယ်။

အာရက္ခဒေသကို မူလရှိရင်းစွဲ မှန်ကန်တဲ့ ပန်းတိုင်ဆီ အမြန်ဆုံး ရောက်ရှိနိုင်ဖို့ တပ်မှူးချုပ်ရဲ့ ဦးဆောင်မှုနဲ့အတူ ရဲဘော်တွေ၊ ပြည်သူတွေ လက်တွဲပြီး ဆက်ကြိုးစားသွားမယ်လို့လည်း ဆုတောင်းထားပါတယ်။

ဒီမွေးနေ့ဆုတောင်းလွှာမှာ “AA CS 2026 UPDATED VERSION” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ပညာ၊ သတ္တိ၊ စည်းကမ်း၊ ကတိကဝတ်နဲ့ ကြိုးပမ်းအားထုတ်မှု (wisdom & courage, discipline, commitment, and hard work) စတဲ့ စံနှုန်းတွေကိုလည်း ဖော်ပြထားပါတယ်။

Related posts

မိုင်းယု (၁၀၅) မိုင်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေးနေ့အဖြစ် AA က ဆန် ၂,၂၀၀ ပြည် လှူဒါန်း

“အာရက္ခသမိုင်းသစ် ရေးထိုးနိုင်ပါစေ” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေးနေ့မှာ PRA-Magway က သဝဏ်လွှာပေးပို့

BPLA ခေါင်းဆောင် မောင်ဆောင်းခက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေးနေ့မှာ ဂါရဝပြုစကား လူမှုကွန်ရက်မှာ ရေးသား