“ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရှေ့ဆောင်လမ်းပြ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်” လို့ ဗမာ့တပ်တော်ပြော

အာရက္ခတိုင်းမ်စ် (၉ နိုဝင်ဘာ ၂၀၂၆)

၂၀၂၆ နိုဝင်ဘာလ ၇ ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့မှာ ဗမာ့တပ်တော် (Bamar Army) ဗဟိုကော်မတီက ဂုဏ်ပြုမွေးနေ့ဆုမွန်တောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဗမာ့တပ်တော်က ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာနဲ့ တော်လှန်ရေးအကျိုးကို ဆက်လက်ထမ်းပိုးနိုင်ပါစေလို့ ဆုတောင်းထားပါတယ်။

သဝဏ်လွှာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ်ကို ကိုင်စွဲပြီး ရက္ခိုင်တစ်မျိုးသားလုံးရဲ့ အမျိုးသားနိုင်ငံရေးနဲ့ စစ်ရေးရည်မှန်းချက်တွေအတွက် ရှေ့ဆောင်လမ်းပြ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဗမာ့တပ်တော်က ဒီမွေးနေ့ကစပြီး ရက္ခိုင်တစ်မျိုးသားလုံးရဲ့ မျှော်လင့်ချက်နဲ့ လိုလားတောင့်တချက်တွေ အကောင်အထည်ပေါ်လာပါစေလို့လည်း ဆုမွန်ကောင်း တောင်းဆိုထားပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၇ ရက် (၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်) က ကျရောက်ခဲ့တဲ့ ၄၈ နှစ်ပြည့် မွေးနေ့မှာ ဂုဏ်ပြုဆုတောင်းစကားတွေ ပို့ခဲ့ကြတဲ့ အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေအားလုံးကို အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။

Related posts

မွေးနေ့ဆုတောင်းပေးသူတွေကို ULA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကျေးဇူးတင်

ဗိုလ်ချုပ် ဦးဆောင်မှုကို မှတ်တမ်းတင်ထားတယ်လို့ မူဆလင်ပြည်သူကိုယ်စား မောင်တောခရိုင်ဂျူရီ ပြော

ချင်းမိုင်မှာ “ဗေဒါစာအုပ်ရွာ” စာအုပ်ဆိုင်ဖွင့်ပွဲနဲ့ စာရေးဆရာ မောင်လူမွှေးရဲ့ စာအုပ်မိတ်ဆက်ပွဲ ကျင်းပ