စစ်တွေမြို့စပ်မှာ တိုက်ပွဲဆက်ဖြစ်နေ၊ လွှတ်တော်ရုံး ရွှေ့ရနိုင်

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာာ ၂၀၂၆)

ရက္ခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့တစ်ဝိုက်မှာ စစ်ရေးအခြေအနေတွေ တင်းမာနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားလျက် ရှိနေပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေ မြို့အစပ်အထိကို နီးကပ်လာတယ်လို့ စစ်တွေမြို့ဒေသခံတွေဆီက သိရပါတယ်။

ဒီလို တိုက်ပွဲတွေ မြို့စပ်ကို နီးကပ်လာတာကြောင့် မြို့ထဲက ပြည်နယ်လွှတ်တော်ရုံးကို တခြားနေရာကို ရွှေ့ပြောင်းရနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

စစ်တွေမြို့ အနီးတစ်ဝိုက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။

Transnational Institute (TNI) က စစ်ကောင်စီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းထားတဲ့ ရက္ခိုင်ပြည်အစိုးရဟာ မြို့တော်စစ်တွေအနီးက တိုက်ပွဲတွေကို ရင်ဆိုင်နေရပြီး ပြည်နယ်လွှတ်တော်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ မိုင်ဝက်လောက် အကွာမှာပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင်ပြည်အတွင်း တိုက်ပွဲတွေ စတင်ခဲ့တာ ၃ နှစ်ပြည့်မြောက်တဲ့ နိုဝင်ဘာလ ၁၃ ရက်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က သဝဏ်လွှာထုတ်ပြန်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစပြီး ရက္ခိုင်ပြည်အတွင်းက မြို့နယ်တွေကို စစ်ကောင်စီဆီကနေ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခဲ့ပြီး ယခုအခါ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။

Related posts

ရက္ခိုင်မှာ တံတား ၅ စင်းကို တစ်ရက်တည်း ဗုံးကြဲဖျက်ဆီးခံရလို့ ခရီးသွားလာမှု ရပ်တန့်

လေးမျက်နှာတွင် ရက္ခိုင်စစ်ရှောင်တစ်ဦးအပါအဝင် ၄ ဦးကို စစ်ကောင်စီက ပေါ်တာဆွဲသွား

မြောက်ဦး ကြက်ဈေးရပ်ကွက် ဗုံးကြဲမှုမှာ သေဆုံးသူ ၃ ဦးအထိ တိုးလာ