နိုဝင်ဘာ ၂၃ ကနေ ၂၅ ရက်အတွင်း ရက္ခိုင်မြောက်ပိုင်းမှာ နေရာကွက်ကျားမိုးရွာနိုင်

အာရက္ခတိုင်းမ်စ် (၂၀ နိုဝင်ဘာ ၂၀၂၆)

နိုဝင်ဘာလ ၂၃ ကနေ ၂၅ ရက်အတွင်း အနောက်လေပွေလှိုင်းနဲ့ မုန်တိုင်းအကြွင်းအကျန် စနစ်တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းက အာသံ၊ ထရီပူရ ဒေသတွေကို ဖြတ်သန်းသွားမှာဖြစ်လို့ ရက္ခိုင်ပြည်မြောက်ပိုင်း အပါအဝင် ချင်းနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးတိမ်တွေ တိုးလာနိုင်တယ်လို့ သိရပါတယ်။

အဲဒီဒေသတွေမှာ မိုးတိမ်စနစ်တွေ ရွေ့လျား ပြန့်နှံ့လာတာကြောင့် နေရာကွက်ကျားကနေ နေရာကျဲကျဲအထိ မိုးရွာနိုင်ပါတယ်။

ဒါပေမဲ့ လက်ရှိ ခန့်မှန်းချက်အရ ဘေးအန္တရာယ်အဆင့်က အနည်းငယ်သာရှိပြီး ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ် နည်းတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

ရာသီဥတု အပြောင်းအလဲနဲ့အတူ နေရာကွက်ကျား မိုးရွာနိုင်လို့ ရက္ခိုင်မြောက်ပိုင်းက ပြည်သူတွေအနေနဲ့ နေ့စဉ် သွားလာ လှုပ်ရှားမှုတွေမှာ မိုးလေဝသ အခြေအနေကို သတိပြု စောင့်ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အချိန်အခါမဟုတ် မိုးရွာမှုတွေကိုလည်း ကြိုတင် သတိပြုထားသင့်တယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။

Related posts

ပုဏ္ဏားကျွန်းအစပ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်နေ

ဂွမြို့နယ်က အရေးပေါ်ကျန်းမာရေးအတွက် လူနာတင်ယာဉ်တစ်စီးကို စာရေးဆရာ ဝေဟင်အောင် လှူဒါန်း

အာရက္ခဒေသ အကျိုးစီးပွားအတွက် သင့်တော်သလို ရပ်တည်လုပ်ဆောင်မယ်လို့ AA ပြော