အာရက္ခတိုင်းမ်စ် (၂၂ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့နယ်၊ နန်းတက်ကျွန်းကျေးရွာကို ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးသီးတွေ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ နံနက် ၈ နာရီ ၃၂ မိနစ်ခန့်မှာ နန်းတက်ကျွန်းကျေးရွာအတွင်းပိုင်းနဲ့ ကျေးရွာဘုန်းတော်ကြီးကျောင်းအနီးတွေကို ပစ်မှတ်ထားပြီး ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုအခြေအနေအပြင် လူထိခိုက် သေဆုံးမှု ရှိ မရှိ အသေးစိတ် အချက်အလက်တွေကို ဆက်လက် စုံစမ်း အတည်ပြုနေဆဲ ဖြစ်ပါတယ်။
ဝီရဌာနီမြို့နယ်ထဲက သဝင်ချောင်းကျေးရွာကိုလည်း မနေ့က နိုဝင်ဘာလ ၂၁ ရက် ညဉ့်သန်းခေါင်အချိန်မှာ ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိ မ်ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။