အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးတရုတ်ကျေးရွာနဲ့ အောင်ဖြူပြင်ကျေးရွာတို့ကို ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နွားကျောင်းနေတဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလေတပ်က ဒီကနေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်မှာ တိုက်လေယာဉ် ၂ စီးနဲ့ ရောက်ရှိလာပြီး ကျေးရွာနှစ်ရွာအပေါ်ကို ဗုံးတစ်လုံးစီ ကြဲချ တိုက်ခိုက်သွားခဲ့တယ်လို့ သိရပါတယ်။
ယိုးတရုတ်ကျေးရွာ အရှေ့ဘက်က ကျောင်းတိုက်နောက်ဘက် စပါးနယ်တလင်းအနီးကို ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့လို့ အနီးအနားမှာ နွားကျောင်းနေတဲ့ ဒေသခံတစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
အဆိုပါ ဗုံးကြဲမှုကြောင့် နွားတစ်ကောင်သေပြီး နှစ်ကောင် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အောင်ဖြူပြင်ကျေးရွာအတွင်းကို တိုက်ခိုက်ခံရမှုကြောင့် လူနဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိမရှိ အသေးစိတ်ကိုတော့ အာရက္ခတိုင်းမ်စ်အနေနဲ့ ဆက်လက် စုံစမ်း အတည်ပြုနေဆဲ ဖြစ်ပါတယ်။