မြောက်ဦးမြို့ ဗုံးကြဲမှုမှာ ဒဏ်ရာရသူတွေအတွက် SAF က ၂၅ သိန်း လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေအတွက် ကျောင်းသားလက်ရုံးတပ်တော် (SAF) က အလှူငွေ ကျပ် ၂၅ သိန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SAF) က အလှူငွေ ၂၅ သိန်းကို မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်၊ ဗုံးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရ ပြည်သူတွေအတွက် ကျနော်တို့ထံကတဆင့် လှူဒါန်းထားပါတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။

အာရက္ခတပ်တော်နဲ့ ရှိရင်းစွဲ မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် လိုလားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force – SAF) က အာရက္ခတပ်တော်နေ့ ၁၆ နှစ်ပြည့်မြောက် သဝဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

Related posts

မြောက်ဦးမြို့ ဗုံးကြဲမှုမှာ သေဆုံးသူ ၃၀ ဦးအထိ ရှိလာ

မြောက်ဦး လေကြောင်းတိုက်ခိုက်မှုကို PRA-Magway ရှုတ်ချ

ကပစ ၂၅ ကို တပ်မ ၇၇ ကနေ စစ်ယာဉ်တန်း ၁၅ စီး ထပ်မံရောက်ရှိလာ