Languages%WP_TITLE_SEP%ဗမာစာ

AA ၏ အောင်မြင်မှုနှင့် ရက္ခိုင်ပြည် အုပ်ချုပ်ရေး စိန်ခေါ်မှုများ

အောင်သူရကိုကို တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၁၅ နှစ် ပြည့်ချိန်တွင် အာရက္ခတပ်တော်  (AA) သည် မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရက္ခိုင်ပြည်ကို ထိန်းချုပ်လာနိုင်ခဲ့သည်။ အရေးပါသော ၁၇ မြို့နယ်အနက် ၁၅ မြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ၂၇၁ ကီလိုမီတာအပါအဝင် ရက္ခိုင်ပြည်၏ နယ်မြေ ၉၀% ထိ
Read more

ရက္ခိုင်ရေပိုင်နက်ထဲ တရားမဝင် ရေလုပ်သား ၂၁ ဦးကို AA ပြန်လွှတ်

အာရက္ခတိုင်းမ်စ် (၁၅ မတ် ၂၀၂၅) ရက္ခိုင်ပြည် မောင်တောမြို့နယ်အတွင်းရှိ ရက္ခိုင်ရေပိုင်နက်ထဲသို့ တရားမဝင် ရေလုပ်သား ၂၁ ဦးကို အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်လွှဲပြောင်းပေလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ တရားမဝင် ရေလုပ်သား ၂၁ ဦးကို ရက္ခိုင်ကမ်းရိုးတန်းမှ တစ်ကီလိုမီတာအောက်ဝေးပြီး နယ်နိမိတ်မျဉ်းမှ ၁၀ ကီလိုမီတာကျော်
Read more

KIA နဲ့ TNLA နယ်မြေအငြင်းပွားမှု NUG ဖြေရှင်းနိုင်တဲ့ အနေအထား မရှိ

အာရက္ခတိုင်းမ်စ် (၁၅ မတ် ၂၀၂၅) ရှမ်းပြည် မြောက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ရဲ့ နယ်မြေအငြင်းပွားမှု ပဋိပက္ခတွေကို NUG အနေနဲ့ ဖြေရှင်းပေးနိုင်တဲ့ အနေအထား မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။ KIA
Read more

အာရက္ခတော်လှန်ရေးမှာ မြိုလူငယ်တွေ ပါလာတာကို ကြိုဆို

အာရက္ခတိုင်းမ်စ် (၁၅ မတ် ၂၀၂၅) ရက္ခိုင်ပြည် မောင်တောမြို့နယ်မှာရှိတဲ့ မြိုလူမျိုး လူငယ် ရာနဲ့ချီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ သူတို့ရဲ့ ရပ်ရွာဒေသကို ကာကွယ်နိုင်ဖို့အတွက် အာရက္ခတပ်တော်ထံမှာ စစ်သင်တန်းတက်ရောက်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အခုလိုမျိုး အာရက္ခတပ်တော်ရဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ ရက္ခိုင်မှာရှိတဲ့ မြိုလူမျိုးတွေအပါအဝင် ရက္ခိုင်က ပြည်သူလူထုတွေ
Read more

WFP ရဲ့ အထောက်အပံ့ရပ်ဆိုင်းမှု ရက္ခိုင်က လူဦးရေ ၁ သိန်း ထိခိုက်နိုင်

အာရက္ခတိုင်းမ်စ် (၁၄ မတ်၂၀၂၅) ကုလသမဂ္ဂ စားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဥ် WFP က ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာနိုင်ငံက လူဦးရေ တစ်သန်းအတွက် အထောက်အပံ့တွေကို ရပ်ဆိုင်တော့မယ်လို့ WFP က ထုတ်ပြန်လာပါတယ်။ အခုလို ရပ်ဆိုင်းတာကြောင့် စားနပ်ရိက္ခာအထောက်အပံ့တွေရဖို့ WFP ရဲ့ အထောက်အပံ့ကို အဓိက
Read more

စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ တောင်ကုတ်မြို့မြင်ကွင်း

အာရက္ခတိုင်းမ်စ် (၁၄ မတ် ၂၀၂၅) ရက္ခိုင်ပြည် တောင်ကုတ်မြို့ကို စစ်ရေးရှုံးနိမ့်သွားတဲ့ စစ်ကောင်စီဟာ လေယာဉ်ကနေ ဗုံးကြဲခြင်း၊ လူနေအိမ်တွေက ပစ္စည်းများ ဖောက်ယူခြင်း၊ မြေမြှုပ်မိုင်းများ ထောင်ခဲ့ခြင်း၊ ပြည်သူပိုင်အိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။
Read more

ရွေးကောက်ပွဲအတွက် တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လက်လုပ်လာနိုင်

အာရက္ခတိုင်းမ်စ် (၁၄ မတ် ၂၀၂၅) ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန် ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ အစောဆုံးကျင်းပသွားမယ် လို့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုလာတဲ့အတွက် ကြားကာလမှာ တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လက် လုပ်ဆောင်လာနိုင်လား ဆိုတဲ့အပေါ် သုံသပ်မှုတွေ ရှိနေပါတယ်။ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်တဲ့အခါမှာတော့
Read more

တရုတ်ကြောင့် ဆွေးနွေးမှုတွေ ပေါ်လာလည်း ပျက်မှာပဲ

အာရက္ခတိုင်းမ်စ် (၁၃ မတ် ၂၀၂၅) စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တရုတ်ရဲ့ဖိအားကြောင့် တွေ့ဆုံဆွေးနွေးမှုတွေ ထပ်မံပေါ်ပေါက်ခဲ့ပါကလည်း ပျက်ပြယ်ဦးမယ့် အလားအလာမှာ ရှိတယ်လို့ မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အခုလိုမျိုး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တယ်ဆိုတာဟာ စစ်ကောင်စီအတွက် အချိန်ဆွဲချင်ရုံ သက်သက်သာဖြစ်တယ်လို့ သူက ပြောပါတယ်။
Read more

ကျောက်ဖြူ ကြက္တိန်ရွာကို ဗုံး ၄ ကြိမ်လာကြဲ၊ နေအိမ် နဲ့ ဆန် အများအပြား ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၃ မတ် ၂၀၂၅) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ကြက္တိန်ရွာကို စစ်ကောင်စီက ဒရုန်းနဲ့လာရောက်ပြီး ဗုံး ၄ ကြိမ် တိုင်တိုင် ကြဲချလို့ နေအိမ် နဲ့ ပြည်သူတွေရဲ့ ဆန် အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီက ကြက္တိန်ရွာကို မတ်လ ၇
Read more

သံတွဲမှာ ဆေးလုံလောက်မှု မရှိလို့ စစ်ရှောင်အချို့ ခက်ခဲနေ

အာရက္ခတိုင်းမ်စ် (၁၂ မတ် ၂၀၂၅) ရက္ခိုင်ပြည် သံတွဲမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေမှာ အရေးပြားရောဂါ ဖြစ်ပွားနေပြီး ဆေးကုသရန် ဆေးလုံလောက်မှုမရှိလို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ အရေပြားရောဂါ ဖြစ်ပွားနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့တွေအနေနဲ့ ဆေးဝါးကူညီထောက်ပံ့ပေးပေမယ့် လုံလောက်မှုမရှိဘူးလို့ သံတွဲမြို့နယ် စစ်ဘေးရှောင်ပြည်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
Read more